Part.18

2K 209 12
                                    

Dinnerစားဖို့ ချယ်အင်အိမ်ကို ရောက်နေခဲ့ပြီ ..
ချယ်အင်ကတော့ ရောက်ကတည်းက သူ့နားမှာရှိနေ
လေ၏ ..အင်ဂျုံအပေါ်ထပ်ကနေ မဆင်းလာသေးလို့
ထမင်း၀ိုင်းမှာ ထိုင်စောင့်နေရသည် ..

ချယ်အင်က jungkookလက်မောင်းကို ချိတ်တွဲလိုက်ကာ ..

" အကို့ကိုပြောစရာရှိလို့ .. ကိုကိုအခုကြွေနေတဲ့ကောင်လေးရှိနေပြီတဲ့လေ "

သူလို လူက သူများသားသမီးတွေကို ဘယ်လိုအညွှန့်ချိုးရမလဲ ချောင်းနေတဲ့ကောင်ကများ ..

Jungkook စိတ်ထဲကနေ ပြောလိုက်လေခြင်း ..
ချယ်အင်က သူ့မမိသားစုရဲ့အကြောင်းကြီးငယ်
ကိစ္စတိုင်းကို ပြောပြတတ်သူဖြစ်သည် ..

သကာရည်လောင်းထားသလို ပြုံးဖြီးနေတဲ့ ဂျုံမင် ..

" ပြောတာပြောတာ ကိုကိုကအခုထိအဖြစ်
မရှိသေးဘူး .. "

" တကယ့် မာနခဲလေး သူက ကော်ဖီဆိုင်မှာ
အလုပ်လုပ်တာ တစ်ခါတည်းနဲ့ နှလုံးသားပါသွားတော့တာ  ၊ လှလည်းလှသလို ချောလည်းချော
တယ် .. ပြန်ချစ်လာအောင်ကြိုးစားရမှာ "

ဂျုံမင် ပြောလိုက်တဲ့စကားကြောင့် ကျွန်တော့်စိတ် လေးလံထိုင်းမှိုင်းသွားသည် ... Tae အိမ်ကနေထွက်ပြေးသွားလို့ပဲလား .. အဲ့လိုခံစားချက်ဖြစ်နေရတာ ..

စိတ်တွေက Taehyungဆီသာပျံ့လွင့်နေသည် ..

" ကို့ကိုမကြွေဘဲ ဘယ်သူကနေနိုင်မှာလဲ ..ဟုတ်တယ်မလား အကို .. "

Jungkookကို ထောက်ခံခိုင်းလိုက်သေးတယ် ..
Jungkookက စိတ်မပါလေဟန် ..

"အော .. ခဏကိုယ် ဖုန်းသွားပြောလိုက်ဦးမယ် "

"ဟုတ် "

သူ ထသွားတော့ ချယ်အင်လိုက်ကြည့်နေသည် ..

Yukiဆီက ဖုန်းလာတာကြောင်း jungkookခြံထဲ
ဖုန်းထွက်ပြောဖို့ ထွက်လာခဲ့သည် ..

"Taeရော .. ထွက်ပြေးသွားပြီလား "

Jungkookဖုန်းကိုင်လိုက်ပြီး ခပ်လောလော
မေးလိုက်လေလျှင်...

Tae ထွက်သွားပြေးသွားပြီလားဆိုတဲ့ အတွေးက
ရင်တစ်လုံး ပူလောင်ကာ တုန်လှုပ်သွေးပြက်
မတတ်ဖြစ်နေခဲ့တာ ..

Black Heart { Completed }Where stories live. Discover now