Part.8

2.3K 243 15
                                    

ကော်ဖီဆိုင်လေးထဲမှာ သီချင်းလေးငြိမ့်ငြိမ့်
ဖွင့်ထားလျက် ..ကော်ဖီဆိုင်လေးက အချက်အရှာကျသောနေရာလေးမှာ ဖွင့်ထားတာကြောင့်
ဆိုင်မှာ ဧည့်သည်တွေနဲ့စည်စည်ကားကား
ဖြစ်နေတတ်သည် ...

ဆိုင်ဖွဲ့စည်းပုံလေးကလည်း လှနေသလို ကော်ဖီချစ်သူ အအေးကြိုက်နှစ်သက်သူအတွက်
အေးချမ်းဖွယ်ရာအတိ .. ကော်ဖီဆိုင်ထဲ၀င်သွားလိုက်ရင် စိမ်းလန်းဆိုပြေလှတဲ့ သစ်တောလေးထဲရောက်သွားသလိုမျိုးဖန်တီးထားသည် ..ဖန်းတီးထေားသော စမ်းချောင်းသေးသေးလေး တသွင်သွင်စီးလျက်ရှိသည် ..စိမ်းစိုလှတဲ့ သစ်ပင်ပန်းပင်ပေါင်းစုံဖြင့်ဖန်တီးယူထားသည် ..

ကော်ဖီဆိုင်ပိုင်ရှင် ဦးလေးချန်းက Taehyungကိုစကားစလာသည်..

"Taehyungဒီနေ့ နောက်ကျမှ အလုပ်ဆင်းပေး
လို့ရမလား .. "

"ရပါတယ် ဦးလေး .. "

"ဦးလေးတူ ဂျယ်ဆော UKကနေ ခဏအလည်ပြန်လာမှာလေ အဲ့တာဦးလေး လေဆိပ်သွားကြိုရမှာဆိုတော့ ကြာဦးမှာ..Taehyungက ဒီနေ့စရင်းဇယားလေးစစ်ပေးပြီးရင် ပြန်လို့ရပါပြီ.. ဦလေးကို ကူညီမယ်မလား .. "

"ရပါတယ် ဦးလေး .. "

ဦးလေးချန်းက သဘောကောင်းတဲ့သူဖြစ်သည် ..
မိသားစု ပုံစံဆက်ဆံတာကြောင့် အလုပ်လုပ်တဲ့
သူတိုင်းပျော်ကျသည် ...

"Taehyung ဟိုဘက်ထောင့်စားပွဲကို  Espressoနဲ့ Mochaသွားပို့လိုက်ပါဦး .. "

"ဟုတ် .. "

အကိုမင်ဆူက ကိတ်မုန့်တွေကိုပန်းကန်ထဲ
ထည့်နေရင်းကနေ လှမ်းပြောသည်..

Taehyungက အလုပ်လုပ်ရင် အမြဲပင်
တတ်တတ်ကြွကြွနှင့် ဆိုင်ကိုလာသည့်ဧည့်သည့်တွေကို အပြုံးချိုချိုလေးနှင့် ကြိုဆိုတတ်သည် ..သူ့အလုပ် ကိုယ့်အလုပ်မခွဲခြားဘဲ တစ်ခါတစ်လေ
ဧည့်ကြိုလည်းလုပ်တတ်သေးသည် ..

~~~~~~

"အကိုလာပြီ .. "

ချယ်အင် jungkookဆီ အပြေးလေးလာကာ လက်မောင်းကိုချိတ်ကာ ၀မ်းသာအားရဖြစ်နေလျက်..

"ဒီနေ့ နောက်ကျတယ်နော် .. "

"အင်း ကိုယ်အလုပ်နည်းနည်းရှိနေလို့ .. "

Black Heart { Completed }Nơi câu chuyện tồn tại. Hãy khám phá bây giờ