Part.11

2.1K 214 9
                                    

" ဒီ ဆိုဖာနဲ့စားပွဲတွေပစ်ပစ်လိုက်တော့ .. "

"ဟေ့ ဟေ့ ကျိုးကုန်မယ်သေချာလုပ် "

"ဟုတ်ကဲ့  .. "

ဟယ်နာအပန်းဖြေအိမ်ကိုရောက်နေပြီး အလုပ်သမားတွေကိုခိုင်းနေခြင်းပင် ..

ပန်းချီကားချက်ကြီးကိုကြည့်ကာ ..

"ဒါလဲဖြုတ်ပစ် "

လက်ညိုးကြီးတညွှန်ညွှန်လုပ်ကာ လေသံမာမာနှင့်ပြောနေတာပင် ..

"အလုပ်ကိုသပ်သပ်ရပ်ရပ်လုပ်ကြနော် .. "

"စိတ်ချပါ သူဌေးကတော် .. "

" ငါ့ဆီ juiceဖျော်ပြီး လာပို့ပေး .. "

"ဟုတ်ကဲ့ပါ သခင်မကြီး .. "

အချိန်အားဖြင့် ည 12နာရီ၀န်းကျင်ရှိနေပြီဖြစ်သည်..
အပြင်ဘက်၀န်းကျင်မှာ ပုရစ်သံတွေကြီး
စိုးနေလေ၏..

ဆက်ခနဲလန့်နိုးလာကာ အာ​ခေါင်ခြောက်ပြီး
ရေအရမ်းဆာလာတာကြောင့် စားပွဲပေါ်လက်လှမ်းလိုက်တော့ ရေခရားထဲရေမရှိနေပါ ..

"ရေထည့်ထားပါလို့ ပြောထားတာကို "

Madi ကောင်မလေးတွေကိုအပြစ်တင်ရင်း
အိပ်ချင်မူးထူးနဲ့ ထလာကာ အိမ်အောက်ထပ်သွားဖို့
အခန်းအပြင်ကို ထွက်လာလိုက်တော့ ၀ရံတာဘက်ကို သွားသည့်မှန်တံခါးကပွင့်ဟာ ဖွင့်လျက်သား ..

"ဒီကောင်မလေးတွေ တံခါးသေချာမစစ်ဖူးဘဲ ..မနက်တွေ့ပါဦးမယ် ဒီအလုပ်လုပ်ဖို့ပိုက်ဆံပေးခိုင်းထားတာ ထမင်းငတ်ချင်ပြီနဲ့တူတယ် "

Maidကောင်မလေးကို ဒေါသတဖြစ်ဖြစ် တစ်ယောက်တည်း တိုးတိုးတွတ်တွတ်ပါပဲ ...

သူမ တံခါးဆီလျှောက်သွားခိုက်မှာ လူတစ်ယောက် သူ့မ နောက်ကနေ ခြေဖွကာလိုက်လာသူသည် Jungkookဖြစ်၏...jungkook လက်မှာလည်း လက်အိတ်အနက်၀တ်ထားသလို bootမှာ
ပလာစတစ်စွတ်ထား၏...ခြေရာများကြမ်းပြင်မှာထင်မှာ ဆိုးတာကြောင့်ဖြစ်သည်..

သူမ တံခါးဆွဲပိတ်မည့်ဆဲဆဲမှာ ..

"နိဂုံးချုပ်ရမယ့် အချိန်တန်နေပြီ "

သူမ ကျောပြင်အနောက်က အနီးကပ်ကြားလိုက်ရပါ
သည့် ကျောချမ်းဖွယ်ရာအလွန်ကောင်းလာသည့်အေးစက်စက်အသံထွက်ပေါ်လာသည် ..

Black Heart { Completed }Where stories live. Discover now