Part.26 [Final]

2.8K 210 50
                                    

ဆေးရုံအခန်းတွင်း တဒေါက်ဒေါက်နဲ့၀င်လာတဲ့
ဖိနပ်သံသည်ကုတင်ပေါ်လှဲနေသည့် အင်ဂျုံ၏
နားထဲသို့ရှင်းရှင်းလင်းလင်းကြားလာသည် ...

Jungkook ခုံမှာ၀င်ထိုင်လိုက်သည်...အောက်စီတပ်ထားသည့် အင်ဂျုံက ဘာစကားမှမပြောနိုင်သော်ငြား မျက်လုံးတွေသည် jungkookကိုအားကိုးတကြီးဖြင့်ကြည့်လာလေသည် ... နှလုံးရောဂါအခံရော နောက်ဆက်တွဲရောဂါလည်းဖြစ်တဲ့ သွေးတိုးကြောင့် ကိုယ်တစ်ပိုင်းလေ
ဖြတ်သွားသည်...

" ခင်ဗျားကကျားရှေ့မှောက်ရပ်လှဲတာပဲ .. ကျုပ်ဆေးရုံအပိုင်ကိုလာတတ်မိတာကို "

Jungkook ရယ်သံစွတ်ကာပြောလိုက်လေတာ ..
Jungkookဆီမှမထင်မှတ်ထားတဲ့စကား
ကြောင့်အင်ဂျုံဒေါသပါတဲ့အကြည့်နဲ့
ကြည့်လာခဲ့သည် ...

" ခင်ဗျား ရက်ရက်စက်စက်သတ်ခဲ့တဲ့ Jeonမိသားစုထဲက အသက်ရှင်ကျန်ခဲ့တာ ကျုပ်ပဲ "

အင်ဂျုံ မျက်လုံးပြူးကျယ်ကာတုန်လှုပ်သွားသည် ..

" ခင်ဗျားစကားပြောချင်နေတဲ့ပုံပဲ "

Jungkook နှုတ်ခမ်းတစ်ဖက်ကွေးတတ်သွားကာ
ဆိုလာသည်..တပ်ထားတဲ့အောက်စီဂျင်ကိုဖြုတ်လိုက်တော့ အင်ဂျုံအသက်ရှူရခက်ချေတော့သည် ..

Jungkookအေးစက်သောမျက်၀န်းတွေနှင့်
အတူ နှုတ်ခမ်းပါးပါးလေးဟာ မဲ့ပြုံးလေးကို
ဖော်ဆောင်လိုက်၍ ...

" ပြန်တပ်ပေးစေချင်တာလား "

မျက်တောင်ခက်ပြကာတောင်းဆိုနေသည် ..

Jungkook အောက်စီဂျင်ကိုပြန်တပ်ပေးလိုက်
သည်...မျက်လုံးပင့်လိုက်ကာ

" ခင်ဗျားအတွက်အထူးအံ့ဖွယ်ရာပါသေးတယ် "

Jungkook jacket ထဲစာချုပ်ကိုထုတ်လာ၍
ထောင်ပြပြီးနီးနီးကပ်ကပ်ပြလိုက်တော့ ကြည့်လိုက်လာလေ၏...Bright Companyအရောင်းအ၀ယ်စာချုပ်ဖြစ်သည် ...

" ခင်ဗျား ကျုပ်daddyဆီကမတရားယူခဲ့တဲ့ Bright Companyကို ကျူပ်ကပြန်ယူမယ် .. ပိုင်ရှင်အစစ်က ကျုပ်ပဲလေ ခင်ဗျား မိန်းမ သမီး နဲ့သား ကျုပ်ကငရဲပို့လိုက်ပြီ ဟတ် သိပ်မကြာခင် ခင်ဗျားဘ၀နဂုံးချုပ်ရတော့မှာ "

Black Heart { Completed }Where stories live. Discover now