Part.14

2.3K 231 14
                                    

Taehyungစားဖို့ရာ ထမင်းနဲ့ဟင်းအစုံအလင်ကို
အခန်းထဲယူလာသည် ..

Taeကတော့ သူကို စိတ်တိုဒေါသထွက်ရလွန်း
လို့မောပြီး ကွေးကွေးလေး ကုတင်ပေါ်မှာ
အိပ်သွားရှာသည် ..

" Tae .. Tae ထပါဦး .. "

Taehyung နဖူးပြင်ပေါ်၀ဲကျနေတဲ့ ဆံပင်တွေကို
သပ်တင်လိုက်ကာ နူးနူးညံ့ညံ့ကလေးနိုးနေတာပင် ..

Jungkook နိုးလိုက်တော့ Taehyungသည်
လှုပ်ရွရွကလေးနိုးလာပြီးနောက် သူ့အား
မကြည်နဲ့ကြည့်ဖြင့်ကြည့်လာလေသည်..ထို့နောက် သူ့ခေါင်းပေါ်ကလက်ကိုဖယ်ထုတ်လိုက်သည် .. ကုတင်ပေါ်ကနေ ချက်ချင်းဘဲထလိုက်တော့ ..

"Tae ထမင်းစားရအောင်လေ .. ကိုယ် Taeအကြိုက်တွေကြည့် ချက်လာတယ် .. "

Jeon ဘာမှမဖြစ်ထားဟန် မျက်နှာမှာ ပြုံးလို့
ရွှင်လို့ပင် ..ကိုယ်မယ် အံ့တောင်အံ့သြမိပါသည် .. မျက်နှာပြောင်ချက်က ဟိုဘကက်
ကမ်းတောင်လွန်းတာ ..

တကယ်တော့ Taehyung သူကြောင့်
နာကျင်ရလျှင် သူပါ ထပ်တူနာကျင်ရသည်.. Jungkook သည် နာကျင်မှုတွေကို အပြုံးတို့ဖြင့် ဖုံးကွယ်ထားခဲ့တာ ..

Taehyung သူပြောတာကို မသိကျိုးကျွံပြုနေ
သလိုပါ၏..

"Taeဗိုက်ဆာနေရော ပေါ့ကိုယ်ခွံ့ကျွေးမယ် .. "

Jeon ရဲ့ပုံစံကိုကြည့်ပြီး စိတ်ကုန်နေလေပြီဖြစ်သည် ...

Jungkook လက်ထဲမှာရှိတဲ့ဗန်းကို စိတ်ရှုပ်ရှုပ်ဖြင့်လက်နဲ့ လှန်ချပစ်လိုက်တော့၏ ..

"Tae! "

"ငါ ဒီအိမ်ကထွက်သွားမယ် "

Taehyung မာဆက်ဆက်အသံဖြင့်ပြောလိုက်လျှင်
Jungkook မျက်နှာဒေါသရိပ်ဖြတ်ပြေးသွားပြီး ..

"တစ်သက်လုံး မင်းကိုလက်လွှတ်မပေးနိုင်ဘူး !
ဒီစကားကိုထပ်ခါထပ်ခါမပြောနဲ့ မကြားချင်ဘူး ! "

Taehyung ပခုံးကိုပြုတ်ထွက်မတတ်ပင် လှုပ်ရမ်းကာ ဒေါသသကြီးအော်ဟစ်နေလေတာ .. မျက်နှာတစ်ခုလုံးဒေါသကြောင့်နီမြန်းနေသည် ..

သူ့ဆီမှာ နှလုံးသားအနာကျင်ခံပြီး မနေချင်တော့ဘူး.. သူ့ဆီမှာ ကိုယ့်အတွက် အချစ်တောင်ရှိမနေ
တော့တာဘဲ ဆက်ပြီးတော့ တွယ်ကပ်မနေ
ချင်တော့ ..ရွေးချယ်စရာနှစ်ခုက ပိုပြီး
ခက်ခဲပင်ပန်းနေမယ်ဆိုတာ သိပေမယ့်လည်း သူ့နားမှာမရှိတာက နာကျင်မှုအနည်းငယ်သာရှိမယ်ပါပဲ ..

Black Heart { Completed }Where stories live. Discover now