Part.23

2.5K 219 13
                                    

ချယ်အင်သည်ကားမောင်းနေရင်းကပင်  သူမရဲ့
လုပ်ရက်ဆိုးကြီးကို နောင်တဆိုတာရှိဖွယ်ဟန်မရှိ။ စိတ်ကျေနပ်စွာ တဟားဟားနဲ့ အော်ရယ်နေတော့သည် ...

အပန်းဖြေစံအိမ်ကလဲ မြို့ပြနဲ့အ၀ေးမှာရှိတာ
ကြောင့် ကားအသွားအလာပြတ်တောက်လှသည် ...

အကို ဒီအချိန် အဲ့သူအတွက် ပူဆွေးနေတော့မှာပဲ ။ယောကျာ်းတစ်ယောက်ကို မတ်မတ်မောမောဖြစ်သွားရတာလဲ .. အားနည်းချက်မရှိတဲ့ ငါ့ကိုထားခဲ့တာပေါ့လေ ဟတ် .. သူ ငါဆီက ရုန်းထွက်မရပါဘူး ။ ချမ်းသာတဲ့ ငါ့ကိုပဲရွေးချယ်မှာ သေချာပေါက်ကို ၊

ပိုက်ဆံက သူ့ဘ၀ကို မြှင့်တင်ပေးနိုင်တယ်လေ ... ယောကျာ်းတစ်ယောက်နဲ့ မိန်းမတစ်ယောက် ကိုယ်ချစ်တဲ့သူကို ပြိုင်လုနေရတာပဲ ၊ငါကကျန်နေခဲ့ရမှာလား ။ရာဇာ၀င်ရိုင်းအောင် ၊ နင် ငါ့တို့နှစ်ယောက်
ဘ၀ထဲကနေ အပြီးအတိုင်ထွက်သွားပါစေ ၊
ငါတို့နှစ်ယောက်ကြား ၀င်နှောက်ဖျက်ဆီးခဲ့တာ ...

ဒီလိုအချိန်တွေမှာဆို ဆုံးပါးသွားတဲ့ မာမီကို
သတိရဆုံးပါပဲ ...တိုင်ပင်ဖော်တိုင်ပင်ဖက်ဖြစ်ကလည်း မာမီပဲ ..မာမီသက်ရှိထင်ရှားရှိနေရင်တောင် ကျွန်မကိုအပြစ်ပြောမှာတော့မဟုတ်ချေ .. မာမီက
လိုချင်တာသမျှ ဖြည့်ဆည်းပေးခဲ့တာပဲလေ ...

" သမီးလုပ်ရပ်တွေမှန်တယ်လို့ထင်တယ် မာမီ ..
သူချစ်ရတဲ့သူ အဲ့လိုဖြစ်သင့်တာပဲလေ .. သမီးနောင်တမရဘူး မာမီ .. မာမီရှိနေရင် ငါ့သမီးလေးတော်တယ်လို့ ချီးကျူးနေဦးမယ်မဟုတ်လား ..
သမီးရဲ့မာမာမီ  ချစ်ရဲ့အကို့ကို သမီးဘ၀ထဲကနေဆွဲထုတ်သွားကြတာလဲ အား! မတရားဘူး လောကကြီး မတရားဘူး လုပ်ရက်လိုက်တာ သမီးအပေါ်မှာ.. အကိုငါ့နားမှာမရှိတော့တာ နင့်ကြောင့် ဟား ! "

စိတ်လွတ်နေသော သူတစ်ယောက်လိုမျိုး
စိတ်ကစဥ်လျားဖြစ်လာပြီး ကားမောင်းနေရင်း သွေးရူးသွေးတမ်းနဲ့ မရပ်မနားပြောနေတာဖြစ်၏ ..

ကားဘက်မှန်မှ တစ်ဆင့်ကြည့်လိုက်လျှင် ကား
တစ်စီးက သူ့ကားဆီချဥ်းကပ်လာသည် ...

ငါ့နောက်လိုက်လာတာ အကိုလား .. သူဖြစ်လောက်တယ် .. ငါလုပ်တာသိသွားလို့များလား ..
ထိုကားက ချယ်အင်ကားကို  ကျော်တတ်သွားပြီး ခပ်လှမ်းလှမ်းမှာ ရုတ်တရပ်ပိတ်ရပ်ချလိုက်တော့ သူမ ကား ဘိရိတ်အုတ်မိပြီး တစ်ဖက်ကို ကားလမ်းကြောင်းလွှဲလိုက်သည် ..

Black Heart { Completed }Where stories live. Discover now