Part.15

2.3K 219 25
                                    

Yukiဆီကရောက်လာတဲ့ messageကို ..

'ဒီနေ့ ဟိုဘက်ဂိုဏ်းအဖွဲနဲ့လက်နက်အရောင်းအ၀ယ်ဖြစ်သွားပြီ .. '

'ဟုတ်ပြီ ဒီနေ့ည ငါလာခဲ့မယ် .. အားလုံးကိုအစည်းအ၀ေးရှိတယ်ပြောထားလိုက် '

ရေချိုးခန်းထဲကထွက်လာတဲ့Taehyungကြောင့်
ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲထည့်လိုက်သည်ကို Taehyung သတိထားမိလိုက်ပြီး မသိသလိုပုံစံနှင့်သာ အ၀တ်အစားရွေးနေလိုက်သည် ..

အရင်တုန်းကဆို သံသယမရှိခဲ့ပေမယ့် သူ အစီအစဥ်တကျ လိမ်ညာမှုကြီးတွေကိုသိလိုက်ရတော့ စိတ်ပျက်နေမိခဲ့တာ ..

အ၀တ်အစားရွေးနေတုန်း အနောက်ကနေ ကိုယ်ကိုသိမ်းကျုံးဖက်ထားလိုက်တော့ Taehyung စိတ်ရှုပ်ထွေးသွားသလိုမျက်နှာဘေးဖြစ်သွားပြီး လေပူမသိမသာမှုတ်ထုတ်လိုက်၍ ရုန်းထွက်လိုက်သည် ..

"ကျေးဇူးပြုပြီး ငါ့အသားမထိပါနဲ့ ! "

Taehyung ဖြစ်ခဲ့တဲ့ကိစ္စတွေကြောင့် အလွယ်တကူ စိတ်ဆိုးဒေါသထွက်ကာ အော်ဟစ်နေတတ်ပါသည်..
Taehyungရဲ့စိမ်းသက်သက်အပြုအတွေကို Jungkookအားစိတ်မကောင်းဖြစ်စေသည် ..

Taeဆီကနေ သူ့ကို ရွံ့စရာကောင်းတဲ့
သူတစ်ယောက်လိုမျိုး ဆက်ဆံခံနေရတာ ..

Taeဆီကနေရရှိနေတဲ့ ဒေါသတွေ မုန်းတီးနေမှုတွေကို ကြာရှည်ခံစားရလည်းမှုမည်တော့မဟုတ် ..
Tae ကျွန်တော့်ဘေးနားမှာ ရှိနေဖို့ရာက
အဓိကပဲလေ .. ကျွန်တော့်ကိုTaeအချိန်တန်
ရင် နားလည်လာမှာပါ ..

Taehyungနဲ့ ရန်ဆက်မဖြစ်ချင်တော့တာကြောင့်
လွှတ်ပေးလိုက်ပြီး ဘာမှမပြောတော့ဘဲ အခန်းထဲကထွက်သွားသည် ..

Jungkook ကျွန်တော့်နားမှာ တစ်မိနစ်
တစ်စက္ကန့်ရှိမနေရင်ကို လွတ်လပ်တယ် ခံစားရလာသည် ..အခုလိုအချိန်မှာသူ့ကို ခံပြင်းပြီးဒေါသထွက်နေတာပဲသိသည်..

အ၀တ်အစားလဲပြီး ဘောင်းဘီနောက်က
အိတ်ကပ်ထဲကို ကတ်နဲ့ငွေသားတချို့ထည့်ထားလိုက်သည် ..သူလစ်တာနဲ့ထွက်သွားဖို့ရာ အဆင်သင့်ဖြစ်နေပြီသား.. လူတောင်ရအောင် ကိုယ်လွှတ်ရုန်းထွက်ရမှာ ဘာအ၀တ်အစားမှမယူနိုင်ချေ ..ဖုန်းကိုထားခဲ့မည် .. ဖုန်းထဲကနေခြေရာခံလိုက်လာရင်
ထပ်ပြီး ဒုက္ခရောက်အုံးမှာ ..

Black Heart { Completed }Where stories live. Discover now