Part.16

2.3K 228 11
                                    

" Tae မနက်စာစားမယ် "

အမိန့်သံပါလာတာပဲ ..

သူပြောတာကို Taehyung လုံး၀မသိသလို
နေလေတာ ၊ အိပ်ယာပေါ်ငူငူကြီးထိုင်နေတာကို
ကြည့်ပြီး ဘယ်လိုကိုယ်တွယ်ရမှန်းမသိတော့တာ ..

"Tae ကိုယ်ပြောတာကို စကားလေးပြန်ပြောဦးမှ
ပေါ့ .. ညကတည်းကလည်း ဘာမှမစားဘဲအိပ်သွားတာ .. ကြာရင်ကျန်းမာရေးထိခိုက်လိမ့်မယ် "

Taehyung ထသွားမယ့်ဟန်ပြင်တော့ ဖျတ်ခနဲလက်ကောက်၀တ်ကို ကျစ်ကျစ်ပါအောင်
ဆုတ်ထားသည် ..

"ကိုယ်ပြောတာကိုပြန်ဖြေလေ .. ဘာလို့
သူစိမ်းလိုကြီးဖြစ်နေရတာလဲ "

သူ့စကားကြောင့် တစ်ချက်ရယ်လိုက်တော့
စောနကခပ်ပြုံးပြုံးရှိနေတဲ့ သူ့မျက်နှာတည်တင်းသွားသည် ..

"မင်း တော်တော်မျက်နှာပြောင်တိုက်တာပဲ ..
ငါ့ကိုမင်း ဘာဖြစ်စေချင်တာလဲ .. မင်းမှာ
မင်းချစ်နေရတဲ့သူရှိနေပြီလေ ငါ့ကိုဘာလို့ဆွဲထားသေးတာလဲ "

" Tae ထင်တာတွေမှားနေပြီ ကိုယ်သူ့ကိုချစ်လို့လည်း မဟုတ်ဘူး ကိုယ့်မှာအကြောင်းကိစ္စတွေအများဘဲရှိတယ် .. ခဏဘေးပဲ သည်းခံနေပေးလို့
မရဘူးလား "

" မင်းငါ့ကိုလိမ်ညာပြီး အရုပ်တစ်ရုပ်လိုဆက်
ဆံချင်နေတာ မင်းအတွက်နဲ့ ငါလူပြောမခံနိုင်ဘူး "

Jeon တခြားတစ်ယောက်ကို သူမကို
ချစ်နေတာဆိုတဲ့အတွေးက နှလုံးသားကိုဆက်ဆက်ခါနာကျင်နေပြန်သည်..

" Taeရဲ့ ဆံပင်အစွန်းအစလေးကိုတောင်
လာထိလို့မရဘူး ... ကိုယ်ပြောတာကို ဘာလို့
နားမလည်နိုင်ရတာလဲ Tae .. ကိုယ့်ကိုချစ်ရင်နားလည်ပေးပါ .. တစ်ခါလောက်ဖြစ်ဖြစ် .. "

"ချစ်ရင် ဟုတ်လား .. ငါ့ဘ၀ရဲ့တွယ်တာရကလဲ
မင်းဘဲ ငါ့အားကိုးရာကလည်းမင်းပဲ ..အရာအားလုံး မင်းဘဲဖြစ်နေခဲ့တာလေ .. မင်းသာ ငါ့အချစ်ရော နှလုံးသားကိုပါ ရစရာမရှိအောင်လုပ်ခဲ့တာပဲ မဟုတ်လား ..မင်း ငါ့ကို ချစ်မနေရင်တောင် အားနာစိတ်နည်းနည်းလေးမှမဖြစ်ခဲ့ဖူးလား ..အေးပေါ့လေ မင်းမှ ကိုယ်ချင်းမစရာခဲ့ဖူးတာ ငါကအလှည့်စား
ခံလိုက်ရတဲ့ ငတုံးတစ်ယောက်ပဲ "

Black Heart { Completed }Waar verhalen tot leven komen. Ontdek het nu