Part.6

1.9K 214 20
                                    

Taehyungအိပ်နေပြီလား မအိပ်နေသေးလား
တစ်ချက်စစ်ဆေးပြီး သေချာမှ ကျွန်တော့်တို့နှစ်ယောက်အိပ်ခန်းထဲမှခြေဖွကာ ထွက်လာလိုက်ပြီး တစ်ဖက်အခန်းကို ကူးလာခဲ့လိုက်သည် ..

Jungkookထိုင်ခုံပေါ်ထိုင်ချလိုက်ပြီး မိနစ်အနည်းငယ်မျှကြာအောင် စဥ်းစားခန်းဖွင့်
လျက်ရှိနေတော့တာ ...

ချယ်အင်ဆိုတဲ့ ကောင်မလေးဆီဖုန်းဆက်သင့်
မဆက်သင့်က်ိုပေါ့ ...သူလက်စားချေမှု ခရီးအဖြစ်စတင်ရတော့မှာ ..

လက်တွေ့အကောင်အထည်ဖော်ရတော့မည့် အချိန်ပဲ.. နှစ်ပေါင်းများစွာ နာကျင်မှုတွေကိုသာ
ထပ်ဆင့်ခံစားလာရသည် ...

သူမ ကျွန်တော့်အပေါ်ယိမ်းယိုင်လာအောင်လုပ်ပြီးမှ သူတို့မိသားစုထဲတိုး၀င်လို့ရမှာ .. တခြားနည်းလမ်းတွေ အများကြီး သူစဥ်းစားကြည့်ခဲ့ဖူးသည် ..ငွေအားနဲ့ သူတို့ကိုအလဲထိုးရအောင်လဲ ကျွန်တော့်မှ ဘယ်အရာမှပိုင်ဆိုင်ထားခဲ့တာမှမဟုတ်ဘဲ ..

ဘယ်လိုမှမဖြစ်နိုင်တာကြောင့် ဒီလမ်းကို တကယ်ပဲ
မရွေးချင်ဘဲရွေးသွားခဲ့ရတာ ..Taeအပေါ်မှာ
မတရားမှန်းသိသည် .. ဒါဟာ တကယ်မှ
မဟုတ်ဘဲလေ...ဒီကိစ္စကို Taeကိုမသိအောင်
လျှိ့၀ှက်ထားရမည် ...

Taeကိုဘယ်လိုမှ ကျွန်တော်အဆုံးရှုံးမခံသလို လက်လွှတ်ပေးဖို့လည်း ယောင်လို့တောင်
စိတ်ကူးမရှိ...ဘယ်သူဆီမှလည်း သွားခွင့်မရှိသလို စိတ်ကူးထဲတောင်ထည့် ပိုင်ခွင့်ပေးမည်မဟုတ်..Taeရဲ့ဆံသားလေးတစ်မျှင်ကအစ ကျွန်တော်အပိုင်ပါပဲ .. ထာ၀ရအတွက်ကိုယ့်အပိုင်လေးပဲ ..

Contactထဲမှတ်ထားတဲ့ ဖုန်းနံပါတ်ကို
နှိပ်ခေါ်လိုက်သည် ...

"Hello .. "

တစ်ဖက်ကထူးလာသောမိန်းကလေး
အသံပိုင်ရှင်သည် ချယ်အာ ..

"ကိုယ်ပါ .. "

"သိပါတယ် "

"ဘယ်လိုသိတာလဲ Humm .. "

Jungkook နှုတ်ခမ်းတစ်ဖက်တွန့်ချိုးကာ ပြုံးလိုက်ပြီး လက်ညိုးနဲ့စားပွဲကိုတစ်တောက်တောက်ခေါက်
နေပါ၏ ...

"ရှင့်အသံကိုမှတ်မိတယ်လေ .. "

"အော သေချာမှတ်ထားပေးတာပဲ .. "

Black Heart { Completed }Where stories live. Discover now