Chapter-1

787 23 0
                                    


ကျောင်းဝန်းကလေးဟာ စာသင်စာအံသံတွေနဲ့ဆူညံနေလေရဲ့။ အလယ်တန်းအဆောင်နားက တရုတ်စကားပင်ကြီးမှာလည်းအပွင့်တွေဖွေးဖွေးလှုပ်လို့။ အစိမ်းရောင်အရွက်နောက်ခံမှာ အဖြူရောင်အပွင့်လေးတွေရယ် ဝတ်ဆံနေရာမှာအဝါဖန့်ဖန့်လေးရယ်နဲ့သိပ်လှတယ်လို့ဆိုရမယ်။ စီနီယာအစ်ကိုကြီးသာသိရင် ဒီနေရာကိုပန်းချီလာဆွဲဦးမယ်ထင်တယ်။

"ဝမ်ရိပေါ် ဘာတွေများတွေးနေတာလဲ"

"ခင်ဗျာ"

အတွေးတွေလွန်နေတုန်း ရုတ်တရက်ခေါ်သံကြားလို့ကြည့်မိတော့ အတန်းရှေ့ကသချ်ာဆရာမကသတိပေးသလိုကြည့်နေတယ်။

"ကျွန်တော်တောင်းပန်ပါတယ် ဆရာမ"

မျက်မှန်အဝိုင်းလေးကိုနှာနုရိုးနားထိပင့်တင်ရင်း ရိပေါ်ပြောတော့ ဆရာမကခွင့်လွှတ်ပေးရှာပါတယ်။ ဟုတ်တယ် သူအတန်းထဲမှာဆိုတာကိုမေ့သွားခဲ့တာ။ ပြတင်းပေါက်ဘေးကသူ့နေရာကြောင့်အပြင်ကိုငေးမိရင်းက စီနီယာအစ်ကိုကြီးကိုပါတွေးမိသွားခဲ့တာ။ စာကိုသေချာပြန်အာရုံစိုက်လိုက်တော့လည်း အချိန်တွေဟာဘာသိဘာသာပါဘဲ။ တစ်ချိန်ပြီးတစ်ချိန်ပြောင်းသွားလိုက်တာဆိုတာ ကျောင်းဆင်းခေါင်းလောင်းသံကဒေါင်ခနဲ။ ဒါနဲ့...ဒီနေ့နဲ့ဆိုစီနီယာအစ်ကိုကြီးရန်မဖြစ်တာနှစ်ရက်ရှိပြီ။

---

"ဝမ်ရိပေါ် အဲ့ဒီစာအုပ်တွေကို ရုံးခန်းထဲပို့လိုက်နော်"

"ဟုတ်ကဲ့ ဆရာမ"

ဆရာမက အတန်းခန်းထဲကထွက်ခါနီးမှာစရာရှိတာမှာတယ်။ ထမင်းစားကျောင်းဆင်းချိန်မို့အတန်းထဲမှာဆူညံပွက်လို့။ စားပွဲပေါ်မှာတင်ထားတဲ့စာအုပ်ပုံကို ဆရာမခိုင်းသလိုရုံးခန်းထဲကိုပို့ပြီးမှနေ့လည်စာစားဖို့ တွေးမိတယ်။ မျက်မှန်ဝိုင်းကလေးအမြဲတပ်ထားပြီး စာကလွဲရင်ဘာမှမသိတဲ့သူ့ကို ဆရာမတွေကအစစအရာရာအရေးပေးပါတယ်။ စာတော်တဲ့ကျောင်းသားတွေရဲ့အခွင့်ထူးလို့ပြောရမလားဘဲပေါ့။ တစ်ဆက်တည်းရုံးခန်းလို့ပြောလိုက်​​တာနဲ့စီနီယာအစ်ကိုကြီးကို သတိရမိသေးရဲ့။ ခဏခဏရန်ဖြစ်ပြီးဝန်ခံကတိထိုးရနေကျ။

Came From Deepest SomewhereWhere stories live. Discover now