Chapter-32

116 2 0
                                    

"ဝမ်ပေါင်ပေ့ အားကျန့်ကိုချစ်နေတယ်မလား
မားမားကိုအားနာမနေဘဲပြောလို့ရပါတယ်"

မြို့ကလေးကိုစရောက်တဲ့ညမှာတင် မားမားကအခန်းထဲဝင်လာပြီးမေးခဲ့တယ်။ အဲ့ဒီအချိန်ကမားမားမျက်နှာကထင်မထားလို့စိတ်ပျက်သွားတဲ့အမူအရာတစ်ခုမှမရှိဘဲဒီအတိုင်းသိထားတဲ့အမှန်တရားတစ်ခုကိုအတည်ပြုချင်ရုံသက်သက်ပါဘဲ။

"မားမားသိနေခဲ့တာလား"

ရိပေါ်မေးတော့မားမားကပြုံးရင်းရိပေါ်ခေါင်းကမီးခိုးရင့်ရောင်ဆံပင်တွေကိုခပ်ဖွဖွပွတ်သပ်တယ်။

"မားမားကကျူးလစ်တွေကိုတောင်အရိပ်တကြည့်ကြည့်နဲ့ပျိုးထောင်နိုင်ခဲ့တဲ့သူပါ
ကိုယ့်ဝမ်းနဲ့လွယ်မွေးထားတဲ့သားအကြောင်းမသိဘဲနေမလား ဝမ်ပေါင်ပေ့ရယ်
တစ်ချိန်လုံးအားကျန့်အတွက်ဘဲတွေးခဲ့တဲ့သားရဲ့အတွေးသေးသေးလေးတွေကအစ အားကျန့်စာမေးပွဲနေ့မှာမနက်အစောကြီးမုန့်သွားပို့ခဲ့တာတွေအဆုံး မားမားသိနေခဲ့ပါတယ်"

ခပ်နုနုအပြုံးကလေးနဲ့မားမားကပြောလာတယ်။ အနည်းအကျဥ်းလောက်တော့မားမားသိမယ်လို့တွေးခဲ့ပေမယ့် မုန့်သွားပို့ခဲ့တဲ့မနက်ခင်းကိုတော့သိနေမယ်လို့မထင်ခဲ့ဘူး။ သေချာပေါက်မားမားမသိအောင်လို့ကို မနက်အစောကြီးသွားပို့ခဲ့တာပါဘဲ။ ဒါပေမယ့်မားမားကသိနေခဲ့တယ်။

"မားမားမှာအတ္တဆိုတာမျိုးမရှိပါဘူး ဝမ်ပေါင်ပေ့သဘောကျနှစ်သက်တဲ့အရာတွေအားလုံးကိုမားမားကလည်းပုံစံတစ်မျိုးနဲ့နှစ်သက်ပေးမယ့်သူမို့ မားမားသိနေခဲ့တာတွေကသားကိုစိတ်မကျဥ်းကျပ်စေနိုင်ပါဘူး
မားမားကလေးလေးရယ်
အားကျန့်ကိုလည်းဝမ်ပေါင်ပေ့နည်းတူ မားမားကချစ်ပါတယ်"

ခပ်ဖွဖွပြုံးရင်းမားမားကပြောပါတယ်။ မားမားသာသဘောမကျဘူးဆိုရင်ဟိုအရင်တည်းကတားခဲ့လို့ရတာကို ရိပေါ်ကောင်းကောင်းကြီးသဘောပေါက်ပါတယ်။ ဒါပေမယ့်မားမားကပိတ်ပင်တတ်တဲ့မိခင်မျိုးမှမဟုတ်ခဲ့ဘူး။ ရိပေါ်သာအဆင်ပြေကျေနပ်နေတယ်ဆိုရင်မားမားကအေးအေးချမ်းချမ်းလက်ခံပေးမယ့်သူပါဘဲ။ ဘဝရဲ့အကောင်းဆုံးဆုလာဘ်ကမားမားရဲ့သားဖြစ်ခဲ့ရတာဖြစ်ပြီး သဘောအကျရဆုံးကောင်းချီးကတော့အရိပ်ပြာကလေးကိုချစ်ခွင့်ရခဲ့တာဘဲဖြစ်လိမ့်မယ်။

Came From Deepest SomewhereKde žijí příběhy. Začni objevovat