Chapter-22

78 2 0
                                    

"ဒါလေးဘဲယူမယ်ဗျ"

မီးခိုးရောင်ခပ်ဖျော့ဖျော့ဂစ်တာလေးကိုလက်ညှိုးထိုးရင်းရိပေါ်ပြောတော့ ဂစ်တာဆိုင်ပိုင်ရှင်အစ်ကိုကခေါင်းညိမ့်ပြတယ်။

"ကဲ! ရပါပြီဗျာ
ကောင်မလေးကိုသံစဥ်တွေနဲ့ချော့နိုင်ပါစေကွာ"

သေချာထည့်ထားတဲ့ဂစ်တာအိတ်ကိုလှမ်းပေးရင်းဆိုင်ရှင်အစ်ကိုက ခပ်နောက်နောက်ပြောတယ်။ ရိပေါ်နဲ့အတူပါလာတဲ့လင်းဝေ့ကတော့ဆိုင်ရှင်အစ်ကိုရဲ့စကားကြောင့်ပြုံးဖြဲဖြဲနဲ့ရယ်နေတယ်။ ရိပေါ်ကတော့ပြုံးပြရုံကလွဲပြီးဘာစကားမှမဆိုဖြစ်ဘူး။ ဘယ်ကောင်မလေးကိုမှချော့ဖို့မဟုတ်ဘဲ ရိပေါ်ကအဲ့ဒီအစ်ကိုကြီးကိုပြောဖူးတဲ့စကားတစ်ခွန်းလေးအတွက်နဲ့ဂစ်တာတီးသင်ဖို့ဖြစ်လာတာမို့ ဆိုင်ရှင်အစ်ကို့စကားကရိပေါ်အတွက်ဖြစ်မနေပါဘူး။

"ကျေးဇူးပါ အစ်ကိုရေ
ဂစ်တာတော့ရပြီ ကောင်မလေးဘဲလိုတော့တယ် ဟဲဟဲ"

လင်းဝေ့ကသူဝယ်ထားတဲ့အနက်ရောင်ဂစ်တာအိတ်ကိုလွယ်ထားရင်းကနေ ဆိုင်ရှင်အစ်ကိုကိုရယ်ရင်းပြန်ပြောတယ်။ ဂစ်တာတီးသင်မယ်လို့မားမားကိုပြောတော့ မားမားကမတားဘူး။ 'ဝမ်ပေါင်ပေ့ သဘောကျရင်သင်လေ'တဲ့။ တကယ်တော့ရိပေါ်ကဂစ်တာတီးရတာကိုသဘောကျတာထက် တစ်စုံတစ်ယောက်အတွက်ဂစ်တာတီးပေးချင်ရုံသက်သက်ပါဘဲ။ ဘာသာစကားတို့၊စီးပွားရေးဆိုင်ရာတို့တက်ရမှာပျင်းတယ်ဆိုတဲ့လင်းဝေ့ကလည်းနောက်ဆုံးတော့ရိပေါ်နဲ့အတူဂစ်တာတီးသင်မယ်လို့တွေးလိုက်ပုံရပါတယ်။ 'ဂစ်တာသွားဝယ်ရအောင်'ဆိုပြီး ရိပေါ်ကိုဇွတ်ဆွဲခေါ်လာတယ်။ ဂစ်တာကိုတစ်ယောက်တစ်လက်စီဝယ်ပြီးပြန်ထွက်လာတော့ လင်းဝေ့တစ်စခန်းထပြန်တယ်။ ရိပေါ်ကိုပုံစံပြောင်းပေးမယ်ဆိုပြီး လူမမာအမဲခြောက်တောင်းသလိုတတွတ်တွတ်ပြောတယ်။

"ဒီပုံစံအတိုင်းလည်းဖြစ်ပါတယ်ဆို"

မျက်မှန်ကိုင်းကိုပင့်တင်ရင်းရိပေါ်ပြောတော့ လင်းဝေ့ကသက်ပြင်းကိုဟန်ဆောင်ပန်ဆောင်ချရင်းဆရာကြီးစတိုင်နဲ့ခေါင်းယမ်းတယ်။

"မရဘူး ဖေ့သား
မင်းတအားကလေးနဲ့တူနေတယ်ကွ
ငါ့ကိုယုံစမ်းပါကွာ handsome boyလေးဖြစ်အောင်ရွှိုင်းပေးမယ်"

Came From Deepest SomewhereWhere stories live. Discover now