Chapter-5

110 6 0
                                    

စာသင်ခန်းလေးဟာ အပ်ကျသံတောင်မကြားရ။ခပ်ဖွဖွတိုးတိုက်သွားတဲ့လေကြောင့် အဆောင်ဘေးက တရုတ်စံကားပင်ကြီးရဲ့အရွက်ချင်းပွတ်တိုက်သံတောင်ကြားရလောက်အောင် တိတ်ဆိတ်နေတယ်။

"အားလုံးသေချာလေးဖြေကြနော်
ခိုးမကြည့်ကြဘဲ ကိုယ့်အရည်အချင်းနဲ့ကိုယ်ဖြေကြ
ခိုးကြည့်တာမိရင် roll noမှတ်ထားပြီး နောက်နှစ်အတန်းတက်ခွင့်ပိတ်မယ်"

ခန်းစောင့်ဆရာမက အရှေ့လျှောက်လိုက်၊အနောက်လျှောက်လိုက်လုပ်နေရင်းနဲ့ သြဝါဒတွေခြွေနေတယ်။ အတန်းတက်ခွင့်ပိတ်မယ်ဆိုတဲ့စကားကြောင့် ဟိုလှမ်းကြည့်ဒီလှမ်းကြည့်လုပ်နေတဲ့ကျောင်းသားတွေခမျာ မျက်နှာတငယ်ငယ်နဲ့။

ဒီနေ့က ရိပေါ်တို့နှစ်ဆုံးစာမေးပွဲရဲ့နောက်ဆုံးဘာသာဖြေတဲ့နေ့။ စာတွေအများကြီးကျက်ထားတဲ့ရိပေါ်က ပထမနေ့ကစပြီး ခုချိန်ထိအခက်အခဲမရှိဖြေနိုင်တယ်။ စာမေးပွဲအချိန်စေ့ဖို့ နာရီဝက်လောက်အလိုရောက်တော့ စာတွေအားလုံးပြီးနေပြီ။ ပုစ္ဆာနံပါတ်တွေမှန်၊မမှန်စစ်ရတယ်။ စာလုံးတစ်လုံးချင်းဆီကိုလက်နဲ့ထောက်ပြီး သေချာစစ်ဆေးရသေးတယ်။ ကျန်တာတွေစစ်ပြီးလို့ roll noပါ၊မပါစစ်ကြည့်ပြီးတော့ အချိန်စေ့ဖို့ ငါးမိနစ်လောက်ဘဲလိုတော့တာ။

"လက်စသတ်ထားနော်
လက်စသတ်ထား ကလေးတို့ရေ
ငါးမိနစ်တောင်မကျန်တော့ဘူး"

ခန်းစောင့်ဆရာမကပြောရင်းဆိုရင်း နာရီတကြည့်ကြည့်နဲ့။ တချို့ကျောင်းသားတွေကတော့ ခေါင်းတကုတ်ကုတ်နဲ့မျက်နှာတွေကခပ်မဲ့မဲ့။ အဲ့ဒီထဲမှာ ရိပေါ်နဲ့မလှမ်းမကမ်းမှာရှိတဲ့လင်းဝေ့လည်းပါတယ်။ မျက်နှာကိုက ပြိုတော့မယ့်မိုးလိုမျိုး။

"ကဲ!..အဖြေလွှာသိမ်းမယ်"

ခေါင်းလောင်းသံတဒေါင်ဒေါင်ကြားတော့ ဆရာမက အဖြေလွှာသိမ်းဖို့ပြင်တယ်။ လူအရေအတွက်ကများတဲ့အတွက် ဆရာမနှစ်ယောက်က rollနှစ်ခုဆီခွဲပြီးအဖြေလွှာသိမ်းတယ်။

"ငါတော့လွမ်းနေတော့မှာဘဲ ကျန်းကျန်းရယ်"

"ငါရောပါဘဲ အိမ်လာလည်လေဟာ"

Came From Deepest SomewhereWhere stories live. Discover now