Chapter-21

73 3 0
                                    

"ရင်ခုန်နေတာလား ဝမ်ပေါင်ပေ့"

နွားနို့ပူပူကိုထည့်ပေးနေရင်း မားမားကခပ်ပြုံးပြုံးမေးလာတယ်။ ဒီနေ့ကရိပေါ်တို့အထက်တန်းအောင်စာရင်းတွေထွက်မယ့်နေ့။ ရိပေါ်မှာပူပင်နေတာမျိုးတွေတကယ်မရှိဘူး။ ရိပေါ်ကသေချာစာတွေကျက်ခဲ့တာဘဲ။ အကောင်းဆုံးရလဒ်ရလာနိုင်ပါတယ်။

"ဘယ်လိုရလဒ်ဘဲဖြစ်ဖြစ်မားမားကတော့မဆူပါဘူး ဝမ်ပေါင်ပေ့ကျေနပ်ရင်ပြီးရော"

နွားနို့နှစ်ခွက်ထည့်ပြီးသွားတဲ့အခါ စားပွဲဝိုင်းမှာဝင်ထိုင်ရင်း မားမားကအဲ့လိုပြောလာတယ်။ ရိပေါ်တကယ်ကံကောင်းတယ်လို့ခံစားရတယ်။ မားမားက ရိပေါ်မျှော်မှန်းထားတဲ့ရလဒ်မျိုးမဟုတ်ရင်တောင်ရိပေါ်ကိုပြန်ပြီးနှစ်သိမ့်ပေးမယ့်သူမျိုးမို့ ရိပေါ်တကယ်ကံကောင်းပါတယ်။

"သွားမကြည့်တော့ဘူးလား ကျောင်းကို"

မားမားအမေးကိုရိပေါ်ခေါင်းယမ်းပြလိုက်တယ်။

"မသွားတာတော့မဟုတ်ပါဘူး မားရဲ့
လူရှင်းအောင်စောင့်ပြီးမှအေးအေးဆေးဆေးသွားကြည့်မလို့ပါဗျာ"

ရိပေါ်ပြောတော့ မားမားကခေါင်းညိမ့်တယ်။ အမှန်ဆိုရိပေါ်ကအောင်စာရင်းကိုသိပ်စိတ်မဝင်စားပါဘူး။ ရိပေါ်ဘဝမှာစိတ်အဝင်စားဆုံးနဲ့စိတ်အလှုပ်ရှားဆုံးအောင်စာရင်းက စီနီယာအစ်ကိုကြီးရဲ့အထက်တန်းအောင်စာရင်းပါဘဲ။ အောင်စာရင်းချင်းတူပေမယ့် လုံးဝမတူဘူးဆိုတာရိပေါ်ရင်ထဲကသိတယ်။ အဲ့ဒီအစ်ကိုကြီးဘေးမှာမရှိလို့လစ်လပ်နေတဲ့ကွက်လပ်ကလေးဟာထုထည်သိပ်ကြီးမားလွန်းနေတာကြောင့် ပျော်စရာရလဒ်ရခဲ့မယ်ဆိုရင်တောင်ပြည့်ပြည့်ဝဝမပျော်နိုင်လောက်ပါဘူး။

"အားကျန့်တို့အထက်တန်းအောင်စာရင်းထွက်တုန်းက မားမားတို့သားအမိနှစ်ယောက်မနက်အစောကြီးသွားကြည့်ခဲ့ကြတာနော်"

မားမားကခပ်ကြည်ကြည်လေးပြုံးနေရင်းပြောလာတယ်။ ဟုတ်တာပေါ့ အဲ့ဒီနေ့မနက်တုန်းကရိပေါ်တို့တွေအစောကြီးထပြီးသွားကြည့်ခဲ့ကြတာဘဲလေ။

"အဲ့ဒီတုန်းကညစာတောင်အတူစားခဲ့ကြသေးတာ ပြန်တွေးကြည့်ရင်လွမ်းစရာတွေချည်းပါဘဲ ရှောင်ယင်းမရှိတော့တာတကယ်အဆင်မပြေပါဘူး"

Came From Deepest SomewhereTahanan ng mga kuwento. Tumuklas ngayon