Chapter-4

123 6 0
                                    

"ရိပေါ် ဖေ့သားကြီး
မုန့်စျေးတန်းဂိုးကြရအောင်"

အားလပ်ချိန်လည်းဆင်းရော လင်းဝေ့ကပြောပြောဆိုဆို ရိပေါ်ပုခုံးပေါ်ကို လက်ကလည်းဖတ်ခနဲ။

"တော်ပြီ မလိုက်တော့ဘူး"

စာအုပ်ကိုအဖုံးပိတ်လိုက်ရင်း သူပြောတော့ လင်းဝေ့မျက်နှာက ခရမ်းချဥ်သီးကြွက်ကိုက်သလိုရှုံ့ခနဲ။ တကယ်လည်း ရေခဲတုံးစာကြမ်းပိုးသူ့ကို သည်းခံပြီးပေါင်းတာက လင်းဝေ့အပြင်မရှိ။ ပုံမှန်တော့ ကျောင်းမုန့်စျေးတန်းကိုမသွားဖြစ်ပေမယ့် တစ်ခါတစ်လေတော့ လင်းဝေ့နဲ့လိုက်သွားတတ်တယ်။ မလိုက်ရင်လည်းတစ်ခုခုမှာနေကျ။

"Orange Juiceတော့မှာမယ်မဟုတ်လား ရိပေါ်ကောကော"

လင်းဝေ့က မိန်းကလေးတွေလိုအသံနဲ့ချွဲသလိုလို နွဲ့သလိုလိုပြောတယ်။ ဒီငနာလေးကတော့ အကန်ခံချင်ပြီနဲ့တူရဲ့။

"တော်ပြီ ဒီနေ့မသောက်တော့ဘူး"

လင်းဝေ့ကမျက်ခုံးတစ်ချက်ပင့်ပြသေးတယ်။ ပြီးတော့ ဆရာကြီးစတိုင်မေးကိုသပ်ရင်း မေးလာတယ်။ ရုပ်ကိုက ရှေးရာဇဝင်တွေထဲက ပညာရှိဘိုးတော်လိုလို ဘာလိုလိုနဲ့။

"ဘယ်ရည်းစားကိုတင်တောင်းဖို့စုနေတာလဲ ဖေ့သားက"

"ဘယ်ကရည်းစားလဲ မရှိပါဘူး"

အကုန်ဘူးခံငြင်းနေတဲ့ဝမ်ရိပေါ်ကို လင်းဝေ့ကအူတူတူကြည့်နေရာက ဟင်းခနဲသက်ပြင်းချတယ်။ နောက်ဆုံးမှအကြံရသွားတဲ့ပုံနဲ့ လက်ဖျောက်တစ်ချက်ထတီးတယ်။

"ဒါဆို ငါ့ကိုမုန့်ဝယ်ကျွေးကွာ"

"မရဘူး ပိုက်ဆံမပါဘူး"

ပေါ်တင်ဘဲပြောင်ငြင်းလိုက်တယ်။ အဲ့လိုမှမငြင်းရင် အဲ့ဒီလင်းဝေ့က တစ်နည်းမဟုတ် တစ်နည်းနဲ့သူ့ကို ဆွယ်နေဦးမှာ။

"နေကွာ...ပြီးကျမှ လင်းဝေ့ကောကောဆိုပြီးလာမခေါ်နဲ့ ပိတ်ကန်ပစ်မယ်"

မဟုတ်မဟတ်တွေကြုံးဝါးပြီး မျက်စောင်းထိုးရင်း လင်းဝေ့ကထွက်သွားပြီ။ ပြီးတော့လည်းဘာမှဟုတ်တာမဟုတ်။ သူဘဲ ဟိုဟာလာပြော၊ဒီဟာလာပြောနဲ့ နားကိုညည်းနေရော။

ဒီတလော ကျောင်းမုန့်စျေးတန်းဘက်ကိုခြေဦးမလှည့်ဖြစ်ပါ။ ရသမျှမုန့်ဖိုးလေးတွေကို လေတောင်အတိုက်မခံဘဲ ရိပေါ်စုနေတယ်။ မှုန်ဝါးဝါးဖြစ်နေတဲ့မျက်မှန်လေးကိုတောင် သွားမလဲဖြစ်။ ကျန့်ကောတို့အထက်တန်းစာမေးပွဲကာလကျရင် မုန့်တွေဝယ်ပို့ဖို့၊ အားရှိတဲ့အစားအစာတွေဝယ်ပေးဖို့ရည်ရွယ်ချက်တစ်ခုတည်းနဲ့ ရိပေါ်မုန့်ဖိုးတွေစုနေတယ်။ အထိအခိုက်ကင်းစေချင်တဲ့မေတ္တာတွေဟာ မျှော်လင့်ချက်မပါရိုးအမှန်။

Came From Deepest SomewhereWhere stories live. Discover now