Chapter-11

75 4 0
                                    

စီနီယာအစ်ကိုကြီးမရှိတဲ့ကျောင်းဖွင့်ရက်တွေက တကယ်ငြီးငွေ့စရာကောင်းပါတယ်။ ကျောင်းတက်ရတာမကြာသေးပေမယ့် တက္ကသိုလ်ကျောင်းပိတ်ရက်ကိုလက်ချိုးရေနေတဲ့ရိပေါ်က တကယ်ကလေးလိုဘဲ။ ယင်းအားရီဆီကနေကြားရသလောက်ကတော့ အဆောင်ကိစ္စလည်းအဆင်ပြေပြီး အဆောင်မှူးကလည်းသဘောကောင်းတာမို့ ကံကောင်းတယ်လို့ဆိုရမယ်တဲ့။

ဒါပေမယ့် ရောက်စက ရေပြောင်းမြေပြောင်းမို့ဖျားသေးတယ်ပြောတော့ ရိပေါ်ခမျာ ပြေးပြီးထွေးပွေ့လိုက်ချင်စိတ်တွေကတပွေ့တပိုက်။ ဒီအစ်ကိုကြီးကအဆိုးအဆာလေးဆိုတော့ ဆေးမှသောက်ဖြစ်ပါ့မလား ရိပေါ်တကယ်စိတ်ပူသွားခဲ့​သေးတာ။ ပြီးတော့ရန်တွေမဖြစ်ဘဲအားလုံးနဲ့သင့်သင့်မြတ်မြတ်နေစေချင်တယ်။ ရန်ဖြစ်လို့ဒဏ်ရာရလာတဲ့အခါ ဆေးထည့်ပေးဖို့ စီနီယာအစ်ကိုကြီးအနားမှာ ရိပေါ်ရှိမနေတာမို့ နဂိုထက်ပိုပြီးစိတ်ပူပါတယ်။

"အိုက်ယား!!! စာတွေမှားကုန်ပြီ ဒုက္ခဘဲ"

အတွေးတွေလွန်ပြီးတွက်နေတဲ့သချ်ာပုစ္ဆာတွေပါရောကုန်တယ်။ ဝမ်ရိပေါ်ကအဲ့လိုအမြဲတမ်းဖြစ်တယ်။ ကျန့်ကောအကြောင်းတွေးလိုက်ရင်း အယောင်ယောင်အမှားမှားအလွဲလွဲအချော်ချော်။ ကျန့်ကောကိုတအားလွမ်းနေပေမယ့် အေးအေးဆေးဆေးမလွမ်းရဲဘူး။ ရိပေါ်မှာစာကျက်စရာတွေများတယ်။ အတန်းကြီးလာတာနဲ့အမျှစာလုပ်စရာဆိုတာများလာတာဘဲလို့ မားမားကပြောတယ်။ တချို့တွေအတွက်စာဆိုတာအကြောင်းမဟုတ်ပေမယ့် ဝမ်ရိပေါ်ကတော့အကျိုးရဖို့စာလုပ်မှဖြစ်မယ်။ ဒါမှအထက်တန်းကိုကောင်းကောင်းအောင်ပြီး ပေကျင်းတက္ကသိုလ်ကိုတက်နိုင်မှာ။ ပြီးတော့ စီနီယာအစ်ကိုကြီးကိုရောတွေ့ရမှာ။

စာတွေကျက်တယ်၊ သချ်ာတွေတွက်တယ်၊ ဒီကြားထဲမှာ ရရင်ရသလိုအချိန်လုပြီးကျန့်ကောကိုလွမ်းပါတယ်။ Wang Yibo's To Do Listထဲမှာထည့်ရေးမထားပေမယ့် နှလုံးသားလေးထဲမှာတော့အဝါရောင်စာတန်းသေးသေးလေးချိတ်ဆွဲထားသေးတယ်။

-ကျန့်ကောကို အချိန်မှန်လွမ်းရန်

~~~

ဒီနေ့ကစနေနေ့။ ဝမ်ရိပေါ်ရဲ့ကျောင်းပိတ်ရက်။ အားလပ်ရက်တော့မဟုတ်ဘူး။ ရိပေါ်မှာစာတွေလုပ်စရာရှိသေးတယ်။
အပြင်မှာမိုးတွေခပ်ဖွဲဖွဲကျနေတယ်။ မိုးအေးနေရင်အိပ်လို့ကောင်းတယ်ဆိုတဲ့ရိပေါ်ကို ဒီမနက်စာဝိုင်းရောက်လာဖို့ မားမားခမျာအတော်ကြိုးစားလိုက်ရတယ်။ နဂိုတည်းကဝမ်ရိပေါ်ကအအိပ်မက်တာကိုး။

Came From Deepest SomewhereWhere stories live. Discover now