Chapter-8

87 5 0
                                    

ပြိုင်ဘီးအနက်ရဲ့လက်ကိုင်လေးမှာ အဝတ်အိတ်ကလေးကိုချိတ်လိုက်တယ်။ ဆိတ်ငြိမ်ရပ်ကွက်ကလမ်းမလေးမို့ထင်ပါတယ်။ လူသွားလူလာနည်းပါးနေတယ်။ ပြိုင်ဘီးကလေးရဲ့ဘဲလ်ကိုနှိပ်လိုက်တော့ အသံခပ်ဆူဆူထွက်လာတယ်။

စီနီယာအစ်ကိုကြီးရဲ့အိမ်ကို ရိပေါ်သွားမှာ။ ရိပေါ်တို့ကျောင်းနောက်ဆုံးနေ့က မိုးမိသွားလို့ ရိပေါ်ယူဝတ်ခဲ့ရတဲ့အက်ျီတွေသွားပို့ဖို့။ တကယ်ဆိုရင် ရိပေါ်ကဒါတွေပြန်မပေးချင်ဘူး။ အကျင့်ပုတ်တယ်ဘဲဆိုဆို ဒီကိုယ်သင်းနံ့စွဲနေတဲ့အက်ျီတွေကို ဝမ်ရိပေါ်ပြန်မပေးချင်ပါဘူး။ ကျန့်ကောရဲ့အမှတ်တရအဖြစ် သူတမင်သိမ်းထားဖို့တွေးခဲ့ပြီးသား။ ဒါပေမယ့် သူ့အက်ျီတွေကိုတကူးတကပို့ပေးလိုက်တဲ့ကျန့်ကောကြောင့် သူလည်းသွားပို့မှအဆင်ပြေမယ်ထင်လို့ပါ။ ပြီးတော့ မျက်နှာတော်နုနုကို မြင်တွေ့ချင်တာလည်းပါတာပေါ့လေ။

ကျန့်ကောတို့အိမ်ရှေ့ရောက်တော့ ထုံးစံအတိုင်း ယင်းအားရီက ပန်းပင်ရေလောင်းနေတယ်။ စက်ဘီးဘဲလ်သံကြောင့် သူ့ကိုမြင်တော့ ယင်းအားရီကမျက်ဝန်းတွေကွေးညွှတ်သွားအောင်ပြုံးတယ်။

"ရိပေါ်လေး ကျန့်ကောဆီလာတာလား"

ခြံတံခါးနားမှာစက်ဘီးလေးနဲ့ရပ်နေတဲ့သူ့အနားကို ယင်းအားရီကအပြေးလာရင်း ဆီးကြိုပြီးမေးလာတယ်။ ယင်းအားရီပြောလည်းပြောချင်စရာပါ၊ ဝမ်ရိပေါ်ဒီကိုရောက်လာတိုင်း အကြောင်းပြချက်ဟာ စီနီယာအစ်ကိုကြီးဘဲဖြစ်နေခဲ့တာမလား။

"ဟုတ်ကဲ့ အားရီ
ကျန့်ကောရှိလားဗျ"

မျက်မှန်အောက်နားဆီက ပါးဖောင်းဖောင်းလေးတွေပါမြောက်တက်သွားအောင်ပြုံးရင်း ရိပေါ်မေးတော့ ယင်းအားရီကခေါင်းညိမ့်တယ်။

"သားရဲ့ကျန့်ကောရှိပါ့ရှင်
ခြံထဲမှာဂစ်တာတစ်လုံးနဲ့အလုပ်ရှုပ်နေလေရဲ့"

တိုက်ကလေးဘေးက အပြာနုရောင်ဒန်းကလေးကိုမေးငေါ့ပြရင်း ယင်းအားရီကပြောတယ်။ ရိပေါ်ကြည့်လိုက်တော့ သူ့စီနီယာအစ်ကိုကြီးကဒန်းကလေးပေါ်မှာ ဂစ်တာတစ်လုံးပိုက်လို့။ စာမေးပွဲပြီးတော့ အားနေပုံရပါတယ်။ ပုံမှန်ဆိုရင် အလှစီးဒန်းကလေးတွေကို အိမ်ရှေ့ဘက်မှာအလှထားတတ်ကြပေမယ့် စီနီယာအစ်ကိုကြီးတို့အိမ်ကတော့မတူဘူး။ အလှစီးဒန်းအပြာရောင်လေးက အိမ်ဘေးကလူမမြင်ကွယ်ရာကလေးမှာ ထီးထီးမားမားရှိနေတယ်။ ဒါကလည်း စီနီယာအစ်ကိုကြီးရဲ့စိတ်ဆန္ဒအရလို့ ယင်းအားရီကပြောဖူးပါတယ်။

Came From Deepest SomewhereWhere stories live. Discover now