Chapter-23

72 3 0
                                    

ဂစ်တာကြိုးလေးတွေကိုညှိရင်း၊ ခြံထဲကကျူးလစ်ပင်ပေါက်ကလေးတွေကိုငေးမောရင်းနဲ့ အချိန်ဟာမသိမသာကုန်ဆုံးလာခဲ့တယ်။ ရိပေါ်ကတော့ဂစ်တာလေးတစ်လက်နဲ့Zhi Zuကိုပိုင်ပိုင်နိုင်နိုင်တီးခတ်နိုင်ခဲ့ပြီဖြစ်သလို အချိန်ရရင်ရသလောက်မားမားရဲ့မီးဖိုချောင်မှာဝင်ကူပေးရင်းနဲ့ဟင်းအတော်များများကိုချက်တတ်လာပြီဖြစ်တယ်။ ရိပေါ်မှာရည်ရွယ်ချက်များများစားစားမရှိပါဘူး။ စီနီယာအစ်ကိုကြီးကိုဂစ်တာတီးပြဖို့ရယ်၊ မနက်စာအချိန်မှန်စားလေ့မရှိတဲ့အဲ့ဒီအစ်ကိုကြီးကိုမနက်စာအချိန်မှန်ကျွေးချင်တာရယ် ဒါဘဲရှိပါတယ်။ အဲ့ဒီဆန္ဒတွေရဲ့အလွန်ဆိုရင်တော့ ကျူးလစ်ပင်ပေါက်ကလေးတွေကိုမားမားကအရိပ်တကြည့်ကြည့်ထားသလိုမျိုး အဲ့ဒီအစ်ကိုကြီးရဲ့ကောင်းမွန်စွာကြီးပြင်းလာမှုကိုရိပေါ်ကတစိမ့်စိမ့်ထိုင်ကြည့်နေချင်ပါတယ်။

"ဝမ်ပေါင်ပေ့ အဝတ်အစားတွေထည့်ပြီးပြီလား"

အခန်းထဲဝင်လာရင်းကနေမားမားကမေးတယ်။ မနက်ဖြန်ဆိုရင်ရိပေါ်တက္ကသိုလ်တက်ဖို့ ပေကျင်းကိုသွားရတော့မယ်။ မားမားကရိပေါ်သဘောကျရာမေဂျာလျှောက်ဖို့ခွင့်ပြုထားတာမို့ ရိပေါ်ပန်းချီမေဂျာကိုဘဲလျှောက်ထားလိုက်တယ်။ ရိပေါ်ကတော့စီနီယာအစ်ကိုကြီးကိုရှာဖို့ မြက်တစ်ပင်လို ​အခွင့်အရေးမျိုးကိုတောင်လက်လွှ​တ်ခံဖို့တွေးမထားပါဘူး။

"ဟုတ်ကဲ့ မား
ပြီးပါပြီဗျ"

Luggageရဲ့ဇစ်ကိုဆွဲပိတ်ရင်း ရိပေါ်ပြောတော့မားမားကပြုံးရင်းခေါင်းညိမ့်တယ်။ ပြီးတော့ ရိပေါ်ရဲ့မီးခိုးရင့်ရောင်လှိုင်းတွန့်ဆံပင်တွေကိုခပ်ဖွဖွပွတ်သပ်တယ်။

"ဟိုရောက်ရင်မားမားကိုလွမ်းနေနော် ကလေးလေး"

မသွားရခင်တည်းက မားမားကကြိုလွမ်းနေပုံရပါတယ်။ ရက်ရှည်ခရီးတောင်ခွဲမသွားဖူးတာမို့ တစ်ဦးတည်းသောသားသူ့ကိုမားမားကဘယ်ခွဲချင်ပါ့မလဲဆိုတာ ရိပေါ်သိပါတယ်။

"ကျောင်းပိတ်ရက်တွေကျပြန်လာမှာပါ မားရဲ့ ပြီးတော့ဖုန်းလည်းဆက်မှာပါဗျ"

Came From Deepest SomewhereDove le storie prendono vita. Scoprilo ora