Chapter-17

68 5 0
                                    

ခပ်တိုးတိုးကြားနေရတဲ့သစ်ရွက်ချင်းပွတ်တိုက်တဲ့အသံကလွဲရင်မြို့ငယ်ကလေးရဲ့ညချမ်းဟာပကတိတိတ်ဆိတ်နေတယ်။ ည10:00ဟာသာမန်အားဖြင့်လူခြေတိတ်ချိန်လို့မသတ်မှတ်နိုင်ပေမယ့် မြို့ငယ်ကလေးကတော့အေးအေးချမ်းချမ်းခေါင်းချအနားယူနေခဲ့တယ်။ စာကြည့်မီးအိမ်ရဲ့အလင်းရောင်နဲ့အတူ စာကြည့်စားပွဲမှာထိုင်နေတဲ့ရိပေါ်ကတော့မအိပ်နိုင်သေးပါဘူး။ စာတွေကိုတစ်ဘာသာပြီးတစ်ဘာသာဆက်တိုက်လုပ်နေရတယ်။ ဒါပေမယ့်အလိုလိုညတွေလည်း စီနီယာအစ်ကိုကြီးအကြောင်းတွေးရင်းညနက်သွားတတ်တဲ့ရိပေါ်အတွက် အိပ်ချိန်နောက်ကျတယ်ဆိုတာသမာရိုးကျဖြစ်ရိုးဖြစ်စဥ်တစ်ခုသာသာပါဘဲ။

ရိပေါ်တို့စာမေးပွဲတွေက ရက်တအားကပ်နေပြီ။ အနည်းဆုံးတော့စီနီယာအစ်ကိုကြီးစကားကို တစ်ဝက်နားထောင်ပြီးစာကိုသေချာလုပ်ပါတယ်။ ကျန်တဲ့တစ်ဝက်ကတော့ မလွမ်းဘဲ၊သတိမရဘဲမနေနိုင်တဲ့ရိပေါ်အတွက်ခက်ခဲလွန်းတယ်။ ပြီးတော့ဖြစ်လည်းမဖြစ်နိုင်ဘူး။ မသေချာမရေရာတဲ့မျှော်လင့်ချက်ကလေးက ရိပေါ်အခန်းရဲ့စာကြည့်မီးရောင်လေးထက်မှိန်ပျနေပါတယ်။ ဒါပေမယ့်ရိပေါ်ကတော့ ဒီတစ်ကြိမ်ပြန်လာခဲ့ရင်၊သူတို့ပြန်တွေ့ကြရင် အချစ်ကိုဝန်ခံဖို့၊ဖွင့်ဟပြောပြဖို့အတွက်သတ္တိတွေကိုကြိုစုနေတယ်။ ကျောင်းစာဆိုသိပ်မှတ်နိုင်လွန်းတဲ့ဦးနှောက်ကလေးမှာ ချစ်စကားပြောဖို့ကျတော့စကားလုံးတွေကိုတစ်လုံးချင်းကောက်ယူ​နေရတယ်။ ဦးနှောက်ကိုအပူတပြင်းအလုပ်ပေးတာတောင်မှ 'ချစ်တယ်'ဆိုတဲ့စကားကလွဲရင်ဘာမှထပ်ထွက်မလာပါဘူး။ တကယ်လည်းရိပေါ်ကချစ်တာကလွဲရင်ဘာမှမသိတဲ့လူတစ်ယောက်သာသာပါဘဲ။

"ဝမ်ပေါင်ပေ့ စာလုပ်နေတာလား"

ခပ်ဟဟလေးစေ့ထားတဲ့အခန်းတံခါးဖွင့်သံနဲ့အတူ မားမားရဲ့လက်တစ်ဖက်ကရိပေါ်ပုခုံးပေါ်ကိုရောက်လာတယ်။ ဘယ်အချိန်ဘဲဖြစ်ဖြစ် မားမားကရိပေါ်ကိုရင်ခွင်ပိုက်အနှီးထုတ်ထဲက လသားလေးလိုမျိုးနူးနူးညံ့ညံ့ဆက်ဆံတတ်ပါတယ်။ လက်တစ်ဖက်ကိုပုခုံးပေါ်လာတင်ထားပြီး ကျန်တဲ့လက်တစ်ဖက်နဲ့ ရိပေါ်ခေါင်းကိုမားမားကခပ်ဖွဖွလေးပွတ်သပ်ပေးနေသေးတယ်။

Came From Deepest SomewhereWhere stories live. Discover now