Chapter-31

95 3 0
                                    


နှင်းတွေကခပ်ဖွဲဖွဲကနေခပ်သည်းသည်းကျလာတယ်။ အချိန်ကာလတွေကတတိတိတိုက်စားခံရတဲ့မြစ်ကမ်းပါးလိုမျိုးရွေ့လျားလာတယ်။ ဝမ်ရိပေါ်ရဲ့နေ့စဥ်လုပ်ငန်းဆောင်တာထဲမှာတော့ အဆိုးအဆာအစ်ကိုကြီးကိုအချိန်မှန်ထမင်းကျွေးရတာကလည်းနေသားတကျရှိနေတုန်းဘဲ။ အရာရာကိုရိုးရိုးရှင်းရှင်းနဲ့ဘဲဖြတ်သန်းလာခဲ့တယ်။ အရိုးရှင်းဆုံးအရာကတော့ကျန့်ကောကိုချစ်တယ်ဆိုတဲ့အမှန်တရားလေးဖြစ်မယ်ထင်ပါတယ်။ ကျောင်းတစ်ဖက်၊အလုပ်တစ်ဖက်နဲ့ဝမ်ရိပေါ်ကဒီဇင်ဘာပိတ်ရက်မှာမြို့ကလေးကိုပြန်ဖို့တော့စနစ်တကျအစီအစဥ်ဆွဲထားခဲ့ပါတယ်။

ပိတ်ရက်ကခပ်မြန်မြန်ဘဲရောက်လာတယ်။ ကျန့်ကောလည်းပါလာမှာဆိုတဲ့အကြောင်းပြောပြတော့ မားမားကဖုန်းထဲကနေခပ်တိုးတိုးရှိုက်ငိုတယ်။ အများကြီးသတိရနေခဲ့ပုံပါဘဲ။ မြို့ကလေးကိုပြန်ဖို့ကားလက်မှတ်ဖြတ်တော့ လင်းဝေ့ကတတိယဘီးလုံးမဖြစ်ချင်ဘူးဆိုပြီး နေရာသပ်သပ်ဖြတ်သွားတယ်။ ရိပေါ်နဲ့ကျန့်ကောကတော့ဘေးချင်းကပ်ရက်။

"ကိုယ့်ကိုလွမ်းနေနော် ချင်းအာ"

လင်းဝေ့နဲ့ချင်းအာကအဆောင်ရှေ့မှာအလွမ်းသယ်နေတယ်။ ရိပေါ်ကတော့အဝတ်အစားနည်းနည်းထည့်ထားတဲ့ကျောပိုးအိတ်ကိုလွယ်ထားရင်း သူတို့နှစ်ယောက်ကိုစောင့်ကြည့်နေရတယ်။ တကယ့််အလွမ်းဇာတ်လမ်းတွေလိုဘဲ။ ခရီးမှာနေရာအဆင်မပြေမှာစိုးတာကြောင့် တစ်ပတ်စာအဝတ်အစားနဲ့အသုံးအဆောင်တွေကိုဘဲထည့်လာလိုက်တယ်။ ပြီးရင်လည်းပြန်လာရမှာဘဲလေ။

"ရိပေါ် လင်းဝေ့ကိုဂရုစိုက်လိုက်ပါ့ဦး ငါ့အစား" 

စိတ်မချသလိုမှာနေတဲ့ချင်းအာကိုရိပေါ်မဲ့ပြလိုက်တယ်။ တစ်ပတ်ကလေးခွဲရမှာကိုတစ်သက်လုံးပြန်မတွေ့တော့မယ့်ရည်းစားတွေအတိုင်းအဆွေးဇာတ်ခင်းနေတဲ့လင်းဝေ့နဲ့ချင်းအာကိုရိပေါ်ဒီအတိုင်းဘဲထိုင်ကြည့်နေလိုက်တယ်။

"သွားရအောင် ညီလေးတို့
နောက်ကျလိမ့်မယ်"

ငှားထားတဲ့Taxiရဲ့ဒရိုက်ဘာအစ်ကိုကြီးကရိပေါ်တို့ကိုလှမ်းအော်တယ်။ ဒရိုက်ဘာအစ်ကိုကြီးကိုခေါင်းတစ်ချက်ညိမ့်ပြလိုက်ပြီး အလွမ်းငှက်မောင်နှံဘက်ပြန်လှည့်ကြည့်မိတော့ဇာတ်လမ်းရိုက်လို့မပြီးသေးဘူး။

Came From Deepest SomewhereWhere stories live. Discover now