Chapter-18

73 6 1
                                    

"မားမားစျေးသွားတော့မယ် အိမ်စောင့်နေခဲ့"

စျေးခြင်းတောင်းကိုလက်မှာဆွဲရင်းမားမားကပြောလာတာမို့ ရိပေါ်ခေါင်းညိမ့်ပြလိုက်တယ်။ ဒီနေ့ကစနေနေ့မို့ မားမားကထုံးစံအတိုင်းစျေးသွားဖို့ပြင်တယ်။ သမာရိုးကျဆန်တဲ့စနေနေ့ကလေးမှာ သာမန်ထက်ထူးခြားတာကညနေဆိုရင် ရိပေါ်ရဲ့စီနီယာအစ်ကိုကြီးရောက်လာတော့မယ်။ ဝေးကွာနေတာကြာပြီဖြစ်တဲ့၊ငေးကြည့်ခွင့်ကလေးလစ်လပ်နေခဲ့တာကြာပြီဖြစ်တဲ့အရိပ်ပြာကလေးပြန်ရောက်လာမယ့်သဘောကျစရာစနေနေ့ကလေးပါဘဲ။ ပြီးတော့ဒီစနေနေ့ညနေမှာဘဲ စနေသားကို ရိပေါ်ကချစ်ခွင့်ပန်ပါဦးမယ်။ ရုပ်ရှင်တွေထဲမှာတစ်ခါမှမ​​မြင်ဖူးခဲ့တဲ့၊အပြင်မှာလည်းမကြားဖူးခဲ့တဲ့ Apple Juiceဘူးတွေနဲ့ရိပေါ်ရဲ့ဖွင့်ဟခြင်းဟာ ရယ်စရာကောင်းနေမလားပါဘဲ။ ဒါပေမယ့်ရိပေါ်ဆိုတဲ့ငတုံးလေးက ဒါအပြင်လည်းဘာမှမသိဘူး။

"ဟုတ်ကဲ့ ကောင်းကောင်းသွားပြီးကောင်းကောင်းပြန်လာခဲ့ပါဗျ"

ရိပေါ်ကအဲ့လိုပြောတော့မားမားကခေါင်းညိမ့်ရင်းပြုံးတယ်။

"ဒါဆိုမားမားသွားပြီ ဂရုစိုက်နေနော် ဝမ်ပေါင်ပေ့"

စိတ်မချသလိုတစ်ချက်မှာရင်းမားမားကထွက်သွားတယ်။ မားမားစျေးကိုထွက်သွားတော့ရိပေါ်လည်းအခန်းထဲပြန်လာခဲ့လိုက်တယ်။ ရိပေါ်ရဲ့နိစ္စဓူဝတွေထဲမှာစာကျက်တယ်ဆိုတာဟာထင်ထင်ရှားရှားပါဝင်နေသေးတာမို့ ရိပေါ်စာကျက်ရပါဦးမယ်။ သင်ခန်းစာတွေကိုအလှည့်ကျတစ်ဘာသာစီကျက်ရင်းက သချ်ာတွက်ဖို့ပြင်တော့ချက်ချင်းဆိုသလိုစီနီယာအစ်ကိုကြီးကိုပြေးမြင်တာပါဘဲ။ သချ်ာတွေထက်ခက်ပြီးသချ်ာတွေထက်ရိပေါ်နဲ့အလှမ်းကွာဝေးတဲ့စီနီယာအစ်ကိုကြီးက ရိပေါ်ကိုငြင်းလိုက်မှာလား၊လက်ခံပေးမှာလားဆိုတာ ရိပေါ်ကြိုမသိပါဘူး။ မကြောက်ဘူးဆိုရင်လိမ်ညာရာကျမှာပေါ့။ ဒီအစ်ကိုကြီးကငြင်းလိုက်မှာကိုကြိုတွေးရမှာတောင်ရိပေါ်မဝံ့မရဲဖြစ်ပါတယ်။ ဒါပေမယ့်စီနီယာအစ်ကိုကြီးကငြင်းခဲ့ရင်တောင်၊ရိပေါ်ကိုခါးသီးခဲ့ရင်တောင် အနည်းဆုံးတော့ရိပေါ်ချစ်တာကို ကျန့်ကောသိသွားသေးတာဘဲဆိုတဲ့စိတ်နဲ့ဖြေသိမ့်ပါတယ်။ ကျန့်ကောကဒီအတိုင်းဆန္ဒရှိသလိုနေ၊ချစ်​ပေးဖို့ကရိပေါ်ဘက်ကကိစ္စ။

Came From Deepest SomewhereWhere stories live. Discover now