Chapter-9

74 6 0
                                    

ငြီးငွေ့စရာကောင်းတဲ့စာအုပ်တွေကြားမှာ ခဏနေရင်း စနေနေ့ကိုရောက်လာပြီ။ စနေနေ့တွေအားလုံးထဲမှာ ဒီအပတ်စနေနေ့ဟာ ရိပေါ်အတွက်အကောင်းဆုံးဘဲ။ ဘာကြောင့်လဲဆိုရင် စနေနေ့ပြီးရင် တနဂ်နွေနေ့ကိုရောက်လာတော့မှာ။ အတိအကျပြောရရင် ညစာစားပွဲလုပ်မယ့်တနဂ်နွေနေ့ကိုရောက်လာမှာ။

"အိမ်မှာဘဲနေနော် ဝမ်ပေါင်ပေ့
ဘယ်မှလျှောက်မသွားနဲ့"

စျေးခြင်း​တောင်းနဲ့ပိုက်ဆံအိတ်ကိုလက်ကကိုင်ထားရင်း မားမားကတတွတ်တွတ်မှာတယ်။

"အပြင်တွေဘာတွေသွားစရာရှိရင်လည်း အိမ်တံခါးတွေသေချာပိတ် ကြားလား
ဝမ်ပေါင်ပေ့"

"စိတ်ချပါ မားရယ်
သွားမှာသာဖြောင့်ဖြောင့်သွားပါဗျာ"

မနက်မိုးလင်းတည်းကတတွတ်တွတ်မှာနေတဲ့မားမားက ခုထိလည်းစိတ်ချသေးပုံမပေါ်ပါ။

"ဒါဆိုမားမားသွားပြီ ဝမ်ပေါင်ပေ့
ဂရုစိုက်ဦး"

မားမားကပြောရင်းဆိုရင်းထွက်သွားပြီ။ ဒါတောင်အိမ်ထဲကိုဝေ့ဝဲပြီးကြည့်သွားသေးတာ။ မားမားထွက်သွားတော့ ရိပေါ်အခန်းထဲပြန်လာခဲ့တယ်။ နည်းနည်းတော့ပျင်းစရာကောင်းပေမယ့် ရိပေါ်အိမ်စောင့်ရမယ်။ မားမားစျေးကောင်းကောင်းဝယ်နိုင်ဖို့။ စျေးကောင်းကောင်းဝယ်နိုင်မှ ကျန့်ကောကြိုက်တဲ့ဟင်းတွေကောင်းကောင်းချက်နိုင်မှာ။

အခန်းထဲမှာလည်း ရိပေါ်ဘာမှလုပ်စရာရှိမနေဘူး။ အထက်တန်းစာတွေကလည်း ရိပေါ်လုပ်ပြီးသားမို့ လုပ်စရာမရှိပါ။ မလုပ်ချင်ဘူးဆိုရင်တော့ပိုမှန်တယ်။ ဘာမှလုပ်စရာမရှိတဲ့အဆုံး စာကြည့်စားပွဲအံဆွဲထဲကအပြာနုရောင်ကတ်ထူစာအုပ်လေးကိုထုတ်လိုက်တယ်။

ကတ်ထူစာအုပ်လေးရဲ့မျက်နှာဖုံးမှာရေးထားတာက Wang Yibo's To Do Listတဲ့။ အဲ့ဒီစာအုပ်ထဲမှာ ရိပေါ်ငယ်ငယ်တုန်းတည်းကလုပ်မယ်လို့ရည်ရွယ်တဲ့ဟာမှန်သမျှရေးထားခဲ့တာ။ ကလေးဘဝတည်းကသူလုပ်ချင်တာတွေအဲ့တည်းမှာရှိတယ်။ ဥပမာ-ရေခဲမုန့်အများကြီးစားရန်၊ မားမားလိုစာတွေအများကြီးဖတ်တတ်ရန်၊ကစားကွင်းသွားရန် စသဖြင့်ပေါ့။

Came From Deepest SomewhereWhere stories live. Discover now