Chapter-7

95 5 0
                                    

နှိုးစက်သံလေးထွက်လာတယ်။ မားမားနှိုးသွားမှာစိုးလို့ နှိုးစက်ကိုဇွတ်ထပိတ်ရပေမယ့် ရိပေါ်ခေါင်းကထူတောင်မထူချင်ဘူး။ ခေါင်းတွေတအားကိုက်နေတယ်။ ဟိုနေ့ကစက်ဘီးလဲလို့ရခဲ့တဲ့ဒဏ်ရာက မသက်သာလာတဲ့အပြင် ပိုဆိုးနေတယ်။ ပြီးတော့ မားမားညှော်ကြော်တဲ့အနံ့ကြောင့် အနာရင်းသွားလို့ လူကဖျားနေသေးတယ်။ ခေါင်းတွေထိုးကိုက်ပြီး လူကလည်းနုံးချိနေတယ်။ ခြေတွေလက်တွေဆိုတာ သယ်တောင်မသယ်ချင်ဘူး။

ရိပေါ်မှာလုပ်စရာလေးတစ်ခုရှိလို့ ဒီမနက်ကိုစောစောထရတယ်။ အထူးသဖြင့် မားမားမနိုးခင် သူလုပ်မှဖြစ်မယ်။ စာကြည့်စားပွဲပေါ်မှာတင်ထားတဲ့မျက်မှန်ဝိုင်းကလေးကိုတပ်လိုက်တယ်။ မှတ်စုမှတ်တဲ့အဝါရောင်စာရွက်ပိုင်းကလေးပေါ်မှာ ခပ်ဝိုင်းဝိုင်းလက်ရေးနဲ့စာရေးလိုက်တယ်။

~အားရှိအောင်စားပြီး စာမေးပွဲကိုသေချာဖြေပါခဗျ~

စာရွက်ကလေးကို စက္ကူအိတ်လေးထဲထည့်လိုက်တယ်။ အဲ့ဒီအိတ်လေးထဲမှာ မုန့်တွေပါတယ်။ အထူးသဖြင့် ကျန့်ကောအားရှိအောင်လို့ သူ့မုန့်ဖိုးလေးနဲ့ဝယ်ထားတဲ့မုန့်တွေပေါ့။ အာလူးကြော်လို နေကြာစေ့တွေလိုဟာမျိုးကျ နည်းနည်းကလေးဆန်သလိုခံစားရလို့ သူမဝယ်ဘူး။ နောက်ပြီးတော့ အိတ်ကလေးထဲမှာ ကျန့်ကောကြိုက်တဲ့Apple Juiceဘူးလေးတွေလည်းပါတယ်။ ကျန့်ကောအကြောင်းတော့ ဒါလေးဘဲရိပေါ်ကောင်းကောင်းသိတယ်။ ကျန့်ကောက Apple Juiceတစ်မျိုးတည်းကို စွဲသောက်တတ်တယ်။

အပြင်ဘက်ကအေးတာရယ် ကိုယ်ကဖျားနေတာရယ်ကြောင့် Hoodieထပ်ဝတ်လိုက်ရသေးတယ်။ အိမ်အဝင်ကနေထွက်လို့မရဘူး။ အခန်းတံခါးလှပ်သံကြားရင် မားမားကနိုးသွားနိုင်တယ်။ ရှိသမျှအားနဲ့ပြတင်းပေါက်ကနေခုန်ချတော့ လူကမိုက်ခနဲ။ ခြေလှမ်းလှမ်းဖို့တောင် မနည်းအားယူနေရတယ်။ လူကတအားနုံးနေပြီ။

~ကျွီ~

ခြံတံခါးသော့ကိုလှပ်လိုက်တော့ အသံထွက်လာတာမို့ လူကတောင့်ခနဲ။ မတော်တဆ မားမားများနိုးသွားမလားဆိုတဲ့စိတ်နဲ့ မလုံမလဲအိမ်ဘက်ဆီလှည့်ကြည့်ရတယ်။ ဘာစိတ်မချစရာမှမတွေ့တော့မှ ရိပေါ်စိတ်အေးသွားတယ်။

Came From Deepest SomewhereTahanan ng mga kuwento. Tumuklas ngayon