Chapter-30

101 3 0
                                    

"တောင်တက်ပြီးနည်းနည်းကြာတော့ ချင်းအာကမောလာလို့ဆိုပြီးနားနေတာကွာ
ဘယ်သူမှလည်းစောင့်မခေါ်တော့ငါကဘဲစောင့်ခေါ်ခဲ့ရတာပေါ့ အဲ့မှာချင်းအာကငါ့ကိုကျေးဇူးတွေတင်လို့"

Tripကိုလိုက်မသွားတဲ့ရိပေါ်ခင်မျာလင်းဝေ့ပြောသမျှကိုနားနဲ့မဆန့်အောင်ခံစားနေရတယ်။ Tripမှာဘယ်လိုပျော်ဖို့ကောင်းတဲ့အကြောင်း၊ ယွိလုံတောင်ကဘယ်လိုလှတဲ့အကြောင်း၊ လျိုချင်းအာနဲ့ဆက်ဆံရေးကောင်းလာတဲ့အကြောင်းတွေနဲ့စပြီး နောက်ဆုံးတော့လည်းtripကိုမလိုက်လာခဲ့တဲ့ရိပေါ်ကိုဆဲတာပါဘဲ။ ဘယ်လောက်ဆဲဆဲရိပေါ်ကတော့tripမလိုက်ဖြစ်လို့ဆိုပြီးနောင်တရနေတာမျိုးတွေလုံးဝမရှိခဲ့ပါဘူး။ အဲ့ဒီရက်တွေအတွင်း ကျန့်ကောထမင်းမှန်မှန်စားဖို့သူလုပ်နိုင်ခဲ့တာဘဲလေ။ နေတတ်ရင်ကျေနပ်စရာမဟုတ်ဘဲ ကျေနပ်စရာကောင်းခဲ့တဲ့အချိန်ကာလတွေပါဘဲ။

ပေကျင်းမှာနှင်းတွေစကျလာပြီ။ ဒီဇင်ဘာလကိုရောက်လာခဲ့ပြီဘဲဖြစ်တယ်။ ဘာမှထူးထူးခြားခြားပြောင်းလဲလာတာမျိုးမရှိဘူး။ ဒါပေမယ့်ဒီဇင်ဘာလမှာလည်းကျန့်ကောကိုပိုပြီးချစ်လာပါတယ်။ ကျန့်ကောညစာမှန်မှန်စားဖို့အရေးလုံးပမ်းနေရတဲ့ဝမ်ရိပေါ်က ဒီဇင်ဘာပိတ်ရက်တွေကိုတော့မမေ့မလျော့အမှတ်တရရှိပါတယ်။ ဒီဇင်ဘာပိတ်ရက်တွေမှာအိမ်ကိုဆက်ဆက်ပြန်လာဖို့မားမာကဖုန်းဆက်တိုင်းတခုတ်တရမှာတယ်။ ပြီးတော့ကျန့်ကောကိုပြန်ခေါ်လာဖို့ရောတကူးတကမမေ့မလျော့တောင်းဆိုတတ်ပါသေးတယ်။ ရိပေါ်ကတော့ကျန့်ကောမြို့ငယ်လေးဆီကိုလိုက်လာမယ်ဆိုရင်ပြန်ဖြစ်မှာပါဘဲ။ လိုအပ်လာရင် 'ကျန့်ကောမပါရင်ကျွန်တော်လည်းမပြန်ဘူး'ဆိုပြီးဂျစ်တိုက်ကြည့်ဖို့လည်းတွေးထားပါသေးတယ်။

"ဒီဇင်ဘာပိတ်ရက်ရောက်တော့မှာ ချင်းအာလေးနဲ့ခွဲရတော့မယ်"

ပါးစပ်သွက်၊လက်သွက်လင်းဝေ့က လျိုချင်းအာနဲ့ရည်းစားတွေဖြစ်သွားကြပြီ။ ရိပေါ်ကသာကြိတ်ပိုးလုပ်လို့ကောင်းတုန်း။ ဖွင့်ပြောဖို့တွေဝေတုန်း။ ရည်းစားရသွားတဲ့လင်းဝေ့က ရိပေါ်ကိုအတိုးနဲ့နှိမ်တတ်တာကလွဲပြီးမပြောင်းလဲဘူး။ လင်းဝေ့ကရည်းစားနဲ့ဒိတ်ဖို့နေရာရွေးနေတဲ့အချိန်မှာရိပေါ်ကတော့ ကျန့်ကောညစာမှန်မှန်စားဖြစ်စေဖို့လုံးပမ်းနေရတုန်းဘဲ။ ဒါပေမယ့်လည်းဝမ်ရိပေါ်ကိုယ်တိုင်ကိုက ကျေနပ်နေတော့လည်းခက်ပါတယ်။ ချစ်နေရရုံနဲ့ကိုကမ္ဘာတစ်ခုလုံးအပိုင်စားရထားသလိုမျိုး။

Came From Deepest SomewhereWhere stories live. Discover now