Cut 🚨🔞

7.8K 58 1
                                    

🌻 ကျွန်မယောက်ျား သူကြီးသား 🌻 Cut
🚨🔞🚨
Paid group စဆုံးရပါပြီ 💛

လရောင်တို့ ပြန်ရောက်တော့ သူက ရောက်နေပြီဖြစ်၏ ...
ခြံရှေ့ကို ကားရပ်လိုက်တော့ ခြံထဲမှာ ထိုင်စောင့်နေတဲ့သူက တံခါးလာဖွင့်ပေးသည်..
လရောင်ထင်သလိုပဲ ဒေါသထွက်နေတဲ့ မျက်နှာနဲ့ပေါ့ ...

"လရောင် အဲ့ဒါဆို ကိုယ်သွားတော့မယ်နော် "

"အင်း ကျေးဇူးပါနော် ဇေယျ "

"ကိုယ်တို့က ကျေးဇူးတင်ရမယ့်လူတွေလား "

ဟိုကောင့်ရှေ့မှာမို့ လရောင်နဲ့ ထူးခြားတဲ့ဆက်ဆံရေးလိုလိုနဲ့ တမင်ပြောလိုက်တာ ...
ထင်တဲ့အတိုင်းပင် ခုနကထက် မျက်နှာကြီးက ပိုပြီးမဲကျသွားကာ မျက်ခုံးအစုံတွန့်ချိုးလျက် လက်သီးကလည်း ကျစ်ကျစ်ပါအောင်ဆုပ်ထားသေး၏ ...

ဇေယျကလည်း ဒါကိုပဲ အောင်နိုင်သူတစ်ယောက်လို ပြုံးလိုက်သည်...

ဘာမှမသိတဲ့ လရောင်ကတော့ ...
"အဟင်း ... ကားကို ဖြည်းဖြည်းမောင်းသွားနော် "

"တောက်ခ် "
လရောင်စကားကြောင့်  မင်းဗညားဘယ်လိုမှ စိတ်မထိန်းနိုင်တော့ပဲ
တောက်ခ်တစ်ချက်ခေါက်ကာ လက်သီးကိုကျစ်ကျစ်ဆုပ်ပြီး အိမ်ထဲဝင်လာခဲ့လိုက်သည် ...

လရောင်က အဲ့ကောင်ကို စိတ်ပူနေတာလား ...
ဟိုက်ဝေးတစ်လမ်းလုံးကားမောင်းသွားရတဲ့ သူ့ကိုကျ အဲ့လိုစကားမျိုးတစ်ခွန်းမှမဆိုသလို နည်းနည်းလေးမှ စိတ်မပူ ...

တောက်ခ်ခေါက်ပြီး ထွက်သွားတာကြောင့် သူအရမ်းစိတ်တိုနေပြီဆိုတာသိနေပါသည် ...

အိမ်ထဲရောက်တော့ဧည့်ခန်းမှာ ထိုင်နေကြတဲ့မေမေနဲ့ ဖေဖေကို ပြန်ရောက်ပြီဟုပြောကာ အခန်းထဲဝင်ခဲ့လိုက်သည် ...

အခန်းထဲရောက်တော့ မျက်မှောင်ကြီးကြုံ့ကြီး လက်သီးကြီးဆုပ်ကာ ကုတင်ပေါ်ထိုင်နေတဲ့ သူ့ကိုဂရုမစိုက်ပဲ လက်ကိုင်အိတ်လေးချကာ မှန်ရှေ့မှာ စီးထားတဲ့ ဆံပင်ကို ဖြုတ်နေတုန်း ...

"အဲ့ဒါဘယ်က ပြန်လာကြတာလဲ "

အက်တက်တက်အသံကြီးနဲ့ မေးလာ၏ ...

🌻ကျွန်မယောက်ျား သူကြီးသား 🌻Where stories live. Discover now