အပိုင်း (၁၅)

2.7K 43 0
                                    

ကျွန်မယောက်ျား သူကြီးသား

အပိုင်း (၁၅)

သက်ြန်တွင်း ကျန်တဲ့ သုံးရက်လုံး လရောင် ဘယ်မှမသွားတော့ပဲ ဒေါ်လေးနဲ့အတူ မနက်ခင်း ဘုန်းကြီးကျောင်းလိုက်ပြီး ကျန်တဲ့အချိန်တော့ အိမ်မှာပဲ နေလိုက်သည် ...
ဒါပေမယ့် ဒေါ်လေးက ဘုန်းကြီးကျောင်းမှာပဲ ဥပုဿ်စောင့်ပြီးနေတာပြီး ညနေမှသာ ပြန်လာတာမို့ နေ့ခင်းဆို လရောင်တစ်ယောက်တည်းသာ ...
ခါတိုင်းဆို ဒေါ်လေးက သက်ြန်တွင်း အမြဲ တရားစခန်းဝင်တာဖြစ်ပြီး ခုတော့လရောင်ရှိတာမို့ ညရေးညတာ လရောင်တစ်ယောက်တည်းအဆင်မပြေမှာစိုးတာကြောင့် ညအိပ်တရားစခန်းတော့မဝင်တော့ပဲ ညနေပိုင်းပြန်လာ၏ ...

"လရောင် လရောင် "

"ဟင် "
ဟော ... ဒီနေ့လဲ လာပြန်ပြီ ... ပိတောက်ပန်းတစ်ပွေ့တပိုက်နဲ့ ဟိုလူ ...
သက်ြန်၄ရက်လုံး ပိတောက်ပန်းတွေလာလာပေးတာမို့ လရောင်တို့အိမ်မှာ တစ်အိမ်လုံး ပိတောက်ပန်းတွေဝါဝင်းနေပြီး ပိတောက်ပန်းနံ့သင်းသင်းလေးတွေကလည်း သင့်ပျံ့နေ၏ ...
ဒီနေ့လည်း မျက်နှာဖြီးကာ ခြံရှေ့မှာရပ်နေပြန်သည် ...
လရောင် ကွပ်ပျစ်ပေါ်ကဆင်းကာ သူ့နားသွားလိုက်ပြီး ...

"ရှင်တို့အိမ်က ပိတောက်ပင်ကြီးမှာ ပိတောက်ပန်းရောရှိသေးရဲ့လား "

"အဟား ရှိပါသေးတယ် ... တကယ်လို့ ပန်းမရှိတော့ရင်တော့ ကိုယ်က လရောင်သာလိုချင်တယ်ဆို ပင်စည်ပါခုတ်ပေးမှာ "

"အမယ်လေး ပင်စည်တော့ မရချင်ပါဘူးရှင် "

"အဟင်း ကိုယ်ကသဘောပြောတာပါ "

"ဘယ်လိုပဲဖြစ်ဖြစ် ကျေးဇူးပါနော် လရောင်က ပိတောက်ပန်းအရမ်းကြိုက်တာ "

"အဲ့ဒါဆို ကိုယ် ပိတောက်ပန်းတွေ မကုန်မချင်း လာပေးမယ်နော် "

"အားနာစရာကြီး "

"ကိုယ်ကတော့ ကြည်နူးနေတာပါ ... ခုလို ‌ပန်းပေးဖို့ဆိုတဲ့ အကြောင်းပြချက်လေးနဲ့ဖြစ်ဖြစ် လရောင်ရဲ့ မျက်နှာလေးကိုမြင် လရောင်နဲ့ စကားတွေပြောနေရတာကို အရမ်းပျော်တယ် "

"ရှင်ကတော့လေ စကားအကောင်းပြောရင်း ဖောက်လာပြီ "
လရောင်က  ရယ်စစနှင့် ခေါင်းလေးရမ်းကာ အိမ်ထဲပြန်ဝင်သွားတော့၏ ...

🌻ကျွန်မယောက်ျား သူကြီးသား 🌻Where stories live. Discover now