အပိုင်း (၁၇)

2.3K 40 0
                                    

🌻 ကျွန်မယောက်ျား သူကြီးသား 🌻အပိုင်း (၁၇)

"သမီးရေ သမီး လရောင်မှူး "

"ရှင် ဖေဖေ ပြန်လာကြပြီလား "
အပြင်ကလာတဲ့ ဖေဖေအသံကြောင့် လရောင် အနောက်ကနေထွက်ခဲ့လိုက်တော့ အသွားတုန်းကနဲ့မတူပဲ မေမေကအဲ့လောက်တော့မဟုတ်ပေမယ့် ဖေဖေကတော့ သိသိသာသာကြီးကို မျက်နှာက ပျက်ယွင်းနေ၏ ...

"ထိုင်ပါဦး "
ဖေဖေက လရောင်ကို ခပ်တည်တည်ကြည့်ကာပြောလိုက်တော့ မေမေက မနေနိုင်စွာ ...

"ရှင်ကလည်း ကလေးကို အေးဆေးပြောပါ "

"ဘာဖြစ်လို့လဲ ဖေဖေနဲ့ မေမေရဲ့ "
လရောင်က အလယ်ထဲမှာ ခေါင်းလေးကုတ်ကာ မေးလိုက်တော့ ...

"သမီး အပြောနဲ့အလုပ်နဲ့မညီဘူး ... ဖေဖေတို့ကိုတော့ အမှန်အတိုင်းပြောပြသင့်တယ်မလား ...ကိုယ့်သမီးအကြောင်းကို  ခုတော့ တစ်ရွာလုံးသိပြီးမှ ဖေဖေတို့က သူများပြောပြမှ သိရတယ်တဲ့ "

"ဟုတ်သားပဲ သမီးရယ် ... သမီးလည်း ငယ်တော့တာမှ မဟုတ်တာ မေမေတို့သိလဲ သမီးကို ဆူမှာမှမဟုတ်တာကွယ် "

"ဘာကိုလဲ ဖေဖေရဲ့... လရောင် ဖေဖေတို့ကို ကွယ်ဝှက်ထားတာ တစ်ခုမှ မရှိပါဘူး "

"သမီးနဲ့ ဒီရွာက ကောင်လေးနဲ့ ချစ်သူတွေဖြစ်နေကြတယ်ဆို "

"ရှင် ဘယ်သူလဲ လရောင်လည်းမသိရပါလား"

"ဟင် သမီးမသိဘူး ဟုတ်လား ... နုငယ်သားလေးနဲ့ သမီးနဲ့မေတ္တာမျှနေကြပြီဆို တစ်ရွာလုံးတောင်သိနေကြပြီတဲ့လေ ... နာမည်ကဘာတဲ့ မင်းဗညားဆိုလားပဲ "

"ရှင် မေမေ့ကို အဲ့ဒါပြောလိုက်တာလဲ "
ခုချိန်မှာ မျက်နှာပျက်သွားသလို ထောင်းခနဲစိတ်တိုသွားရသူကတော့ လရောင်မှူးဖြစ်သွားရ၏ ...
မင်းဗညားဆိုတဲ့လူနဲ့ သူမက ဘယ်အချိန်ကများ ချစ်သူတွေ ဖြစ်သွားရတာလဲ ...

"မေမေ့သူငယ်ချင်း ကြင်ဥ  ပြောလိုက်တာလေ ... နုငယ်ကလည်းမေမေ့သူငယ်ချင်းပါပဲ သူ့သားလေးနဲ့ဆိုရင်တော့ မေမေတို့လည်းသဘောတူပါတယ် ဒါပေမယ့် ကောင်လေးက မိုက်တိမိုက်ကန်းလေးဆို "

"မဟုတ်ဘူး မေမေတို့ထင်သလို တစ်ခုမှမဟုတ်ဘူးမေမေရဲ့ သမီးနဲ့ သူနဲ့ကလည်း ဘာမှ မဆိုင်ဘူး "

🌻ကျွန်မယောက်ျား သူကြီးသား 🌻Where stories live. Discover now