အပိုင်း (၂)

3.5K 45 0
                                    

အပိုင်း (၂)

ဒေါ်မြိုင်ပြန်သွားပြီးတာနှင့် မင်းဗညားပြန်အိပ်ဖို့ ကွပ်ပျစ်ပေါ်ကထပြီး အိမ်ထဲပြန်ဝင်မယ်အလုပ် ...

"ဟေ့ကောင် အဲ့တာ ဘယ်သွားမလို့လဲ "

အနောက်က ဒေါသသံစွတ်နေတဲ့ သူ့အဖေအသံကြောင့် ခြေထောက်တွေတုံ့ခနဲ ရပ်သွားကာ ...

"ပြန်အိပ်မလို့လေဗျာ အဖေကလဲ ကျုပ်မှ အိပ်ရေးမဝသေးတာဗျ "

"ဘာကွ ... ငါ ဒီကောင်ကတော့ ငါလုပ်ရင်သေတော့မယ် "
ဘေးကတုတ် လှမ်းဆွဲကာ ပြောတော့ ...

"ဪ ... တော်ကလဲတော် ကလေးကို ကောင်းကောင်းပြောပါ "

"ခုပဲ ဒီမှာဒီလောက်လျော်လိုက်ရတာကို ဒင်းက ပြန်အိပ်ဖို့လုပ်နေသေးတယ် "

"အဖေကလဲဗျာ ... ခု​ေလျာ်လိုက်ရတာက မဲလုံးကိုက်လို့လေဗျာ ကျုပ်ကိုက်လို့မှ မဟုတ်တာ "

"ဘာကွ မင်းက ကိုက်ချင်သေးတာလား "

"မဟုတ်ဘူးလေဗျာ ကျုပ်နဲ့မဆိုင်တာပြောပြတာ "

"မင်း‌ေမွးထားတဲ့ မင်းခွေးက ကိုက်လိုက်တာလေ ... သူ့လုပ်စာသာမစားရသေးတာ ပြဿနာတွေကတော့ သယ်လာလိုက်တာကို ... သူကြီးသာလုပ်နေရတာ ရွာထဲက ကိစ္စထက် မင်းပြဿနာပဲလိုက်ရှင်းနေတယ် မင်းသတိသာထား ... အလုပ်ကျမလုပ်ပဲ တစ်နေ့တစ်နေ့ ပြဿနာတွေပဲ အိမ်သယ်လာတယ် "

ဒါကတော့ မင်းဗညားနေ့တိုင်းကြားနေရတဲ့ ဦးသက်ထူးရဲ့ ကျိန်းမောင်းသံတွေပေါ့ ...
နေ့တိုင်းကြားရဆို သူကလဲ နေ့တိုင်းပြဿနာရှာတာကို ...
ထန်းရည်ဆိုင်မှာရန်ဖြစ်ရင်ဖြစ်တယ် မဖြစ်ရင် ရွာထဲမှာဖြစ်တယ် ... တစ်ခါတလေ လူတွေက ရန်မဖြစ်ချင်လို့ သူနဲ့ရှောင်ကြရင် ရွာထဲက ခွေးတွေနဲ့ ရန်ဖြစ်တော့တာပဲ ...

သူကြီးသားဆိုတဲ့အရှိန်နဲ့ ရုပ်ခံလေးရှိလို့သာပေါ့ ... မဟုတ်လို့ကတော့ ...

"အဖေကလဲ ဒါပဲပြောနေတော့တာပဲဗျာ ခု ကျုပ်က မအိပ်ရင်ဘာလုပ်ရမှာလဲ "

အိပ်ယာထစ အနည်းငယ်ပွနေတဲ့ ဆံပင်တွေကို ထပ်မံထိုးဖွကာ မျက်ခုံးပင့်ပြီး​မေး လိုက်တော့ ...

🌻ကျွန်မယောက်ျား သူကြီးသား 🌻Where stories live. Discover now