အပိုင်း (၇)

2.5K 40 2
                                    

အပိုင်း (၇)

လရောင် ရေချိုးအဝတ်စားလဲပြီးထွက်လာတော့ ဒေါ်လေးက ထမင်းဝိုင်းမှာ စောင့်နေကာ ...

"လာ သမီးလေး ထမင်းစားမယ် ... သူကြီးအိမ်ကလဲ ဧည့်သည်အတွက်ဆိုပြီး ကြက်သားနဲ့ ဘူးသီးချက်လေး လာပို့သွားတယ် "

"ဟယ် ဟုတ်လား အားနားစရာ ... ဒေါ်လေးတို့ရွာက အဲ့လို ဓလေ့ရှိတာလား "

"ဘယ်လို ဓလေ့လဲ သမီးရဲ့ "

"ဪ ... အဲ့လို ဧည့်သည်လာတဲ့အိမ်ကို ဟင်းတွေ ဘာတွေပို့ပေးတဲ့အကျင့်ကိုပါ "
တချို့ရွာလေးက တစ်ရွာ ဓလေ့တစ်ခု ရှိတတ်တာမို့ လရောင် မေးကြည့်လိုက်ခြင်းဖြစ်သည် ...

"ဪ ... မရှိပါဘူး သမီးရယ် ... တစ်ခါတလေ အချင်းချင်း ဟင်းလဲစားတာ ဘာညာလောက်ပဲရှိတာပါ ... အဲ့လိုကြီး တကူးတကကြီးဧည့်သည်လာတဲ့အိမ် ဟင်းပို့ပေးတဲ့ ဓလေ့တော့မရှိပါဘူး ... ဒီနေ့မှ မောင်ဗညားက ထူးထူးဆန်းဆန်း "

"ဟင် မောင်ဗညား "
မောင်ဗညားဆိုတော့ သုမနဲ့ ရွာထဲမှ တွေ့ခဲ့တဲ့ အမူးသမားပြောသွားတာကို ပြန်ကြားယောင်နေမိသည် ...
ကိုယ့်နာမည်လဲ မှတ်ထား မင်းဗညားတဲ့ ...
အဲ့လူများ ဖြစ်နေမလား ... အို မဖြစ်နိုင်ပါဘူးလေ ... နာမည်တူတာပဲ ဖြစ်မှာပါ အဲ့လို အမူးသမားက ဒီလို အလိုက်သိပြီး သဘောကောင်းပါ့မလား...

"‌ဪ သမီးလေးကို ဟင်းလာပို့ပေးတဲ့ သူကြီးသားမောင်ဗညားကို ပြောတာပါကွယ် ... လာလာ စားစား ဟင်းတွေ အေးကုန်ရော့မယ် လာပို့တော့လဲ တူမကြီး ဟင်းတစ်ခွက်ပိုစားရတာပေါ့ "

"အဟင်း ဟုတ်ကဲ့ "

စားပွဲထက်က ဟင်းပွဲလေးတွေက စုံလှပါသည် ...
ဆီတွေပဲ ဝေ့နေတဲ့ အသားဟင်းတွေချည်းမဟုတ်ပဲ ရွာမှာပဲရတဲ့ ဟင်းရွက်အစုံကိုရောကာ ငရုပ်သီးအကြမ်းမှုန့်နဲ့ အရည်စပ်စပ်လေးချက်ထားတာလေးက တကယ်ကို ထမင်းမြိန်စေပါသည် ...
နောက်ပြီး ခုနက သူကြီးသားလာပို့သွားတယ်ဆိုတဲ့ ကြက်သားကာလသားဟင်းလေးကလဲ ဆီမထည့်ထားတာမို့ လုံးဝမအီပဲ ချိုပြီး အရသာကို ရှိနေလှသည် ...
ငါးကိုကင်ပြီး ဟင်းချိုချက်ထားတာလေးကလဲ ငရုပ်ကောင်းနံ့လေးကို မွှေးလို့ တခြားဟင်းအမယ်တွေလဲ စုံနေကာ အကုန်လုံးက အရသာရှိလှသည် ...
လရောင်လဲ ခေါင်းမဖော်တမ်းစားတာ ထမင်းနှစ်ပန်းကန် ကုန်သွား၏ ...

🌻ကျွန်မယောက်ျား သူကြီးသား 🌻Where stories live. Discover now