အပိုင်း (၁၄)

2.5K 44 1
                                    

အပိုင်း (၁၄)

"မမလရောင် မမလရောင် "

"ဟယ် မိစု "
အိမ်ရှေ့က ခေါ်သံကြောင့် လရောင် ထွက်လာခဲ့တော့ အလှတွေပြင်ထားကာ သူမကိုလှမ်းခေါ်နေတဲ့ မိစု ...

"မိစု အိမ်ထဲဝင်ခဲ့‌ေလ လာထိုင် "

"ဟုတ် "

"အမယ်လေး မိစု အလှတွေပြင်ထားပါလား "

"ဟီး သက်ြန်လေ အရီးတင်မြကလည်း"

"ဟုတ်ပါပြီတော် "

"မမလရောင် မိစုနဲ့ ရေကစားလိုက်ခဲ့ပါလား "

"ဟင် ... မလိုက်တော့ပါဘူး မိစုရယ် "

"ဟင် လိုက်ခဲ့ပါ မမလရောင်ရဲ့ မိစု တစ်ယောက်တည်းဖြစ်နေလို့ နော်"

"မိစုက ဘယ်သွားမှာမို့လို့လဲဟင် "

"ဟို ဟို သမီးသူငယ်ချင်းတွေစီပါပဲ မမရဲ့ သူတို့ဟိုမှာစောင့်နေကြတယ် အဲ့တာ သမီးတစ်ယောက်တည်းဖြစ်နေလို့လေ "

"အင်းပါ အဲ့တာဆို မမ လိုက်ခဲ့မယ်နော် "

"ဟေး ...တကယ်လား ကျေးဇူးပါ မမ"

"အွန်း ခဏစောင့်နော် မမ အကျီလဲလိုက်ဦးမယ် "

"ဟုတ် "

လရောင် ယူခဲ့တဲ့အကျီတွေထဲက သက်ြန်ရောင်လေးဖြစ်တဲ့ အဝါရောင် ဂါဝန်လေးကို ဝတ်လိုက်ပြီး ဆံပင်လေးကတော့ မနက်ကထုံးထားတဲ့ အမြင့်ထုံးလေးအတိုင်း ထားလိုက်၏ ...
လရောင်က ရေသွားကစားတာမဟုတ်ပဲ ဒီတိုင်းအဖော်ပဲလိုက်ပေးတာဆိုတော့ မျက်နှာလည်း ဘာမှမပြင်တော့ပဲ ဆင်းခဲ့လိုက်သည် ...

"ဒေါ်လေးရေ သမီး မိစုနဲ့ ရွာထဲ ခဏလိုက်သွားဦးမယ်နော် "

"အေးအေး သမီးလေး "

"ဟယ် မမက ချစ်စရာလေး လှလိုက်တာ အဲ့တာကြောင့် ကိုကြီးဗညားက ... အယ် ဟုတ်ပါဘူး ဟီး သွားရအောင်လေ "
လွှတ်ခနဲထွက်သွားတာကြောင့် ပါးစပ်ကို အမြန်ပိတ်လိုက်ပြီး မချိသွားဖြဲပြလိုက်သည် ...

"အွန်း သွားမယ်  "

"ဟုတ် "

"ဒါနဲ့ မိစုသူငယ်ချင်းတွေက ဘယ်မှာစောင့်နေတာတဲ့လဲ "

🌻ကျွန်မယောက်ျား သူကြီးသား 🌻Where stories live. Discover now