အပိုင်း (၆)

2.7K 46 0
                                    

အပိုင်း (၆)

"အကိုလေး ဗညားရေ ... ဗျို့ အကိုလေး "
ပိုင်ကြီးနဲ့ မိုးကျော် တက်ကြွစွာ မင်းဗညားတို့ အိမ်ရှေ့မရောက်တည်းက လှမ်းခေါ်ကာ မှိုရထားတဲ့ မျက်နှာတွေနဲ့ အိမ်ထဲ ဝင်လာခဲ့ကြ၏ ...

"အကိုလေး ဗညား "

"ဘာလဲ ရွာထိပ်ကနေ အော်လာကြပါလားကွ "

"ဟာ အကိုလေးကလဲ ကျုပ်တို့က ဝမ်းသာလို့ပါဗျ ..."

"ဘာဝမ်းသာတာလဲ ...မဟုတ်မှ ..."
သူ့ရဲ့ လမ်းပြကြယ်လေးအကြောင်းများ သိခဲ့ရပြီလား ...

"ဟုတ်တယ် အကိုလေးကို သတင်းလာပေးတာ ..."

"အေး မြန်မြန်ပြောလေကွာ "
မင်းဗညား သူတို့နှစ်ယောက်နား အတင်းတိုးကပ်သွားကာ သူတို့အပြောကို စိတ်ဝင်တစားမေးလိုက်တော့ ...

"ပြောပါမယ်ဗျ ... အဲ့ကောင်မလေးနာမည်က လရောင်မှူးတဲ့ မြို့ကလာတာ ... အရီးတင်မြရဲ့ တူမတဲ့ အခုလဲ အရီးတင်မြဆီ အလည်လာတာတဲ့ "

"ဟုတ်လား အဲ့တာဆို ခဏပဲပေါ့ "
ဘယ်လိုပဲဖြစ်နေနေ ... သူမကို သူချစ်တာသေချာနေပြီ အဲ့ခဏလေးအတွင်းမှာပဲဖြစ်ဖြစ် သူမလေးကို သူပိုင်ဆိုင်အောင် လုပ်ရမယ် ...

"သူ့မှာ ရည်းစားတွေ ဘာတွေရော ရှိတယ်တဲ့လား "

ရည်းစားရှိလဲ မင်းဗညားတို့က ဂရုမစိုက်ပေါင် ... ကိုယ်ချစ်ရင် ကိုယ့်ကောင်မလေးပဲလေ ...

"အဲ့ဒါတော့ မသိဘူးဗျ .. ဒီလောက်လှတာ မြို့မှာ ရည်းစားတွေဘာတွေ ကျန်ရင် ကျန်ခဲ့မှာပေါ့ဗျ အကိုလေးကလဲ "

"ကျစ် ... ရပြီ သွားကြတော့ "

ရည်းစားရှိလဲ ဘာမှတော့မဖြစ်ပေမယ့် သူတို့အဖြေကြောင့် အလိုမကျတော့ဖြစ်သွားရသည်။ ...

"ဟို အကိုလေး ဒီတိုင်းပဲ သွားရတော့မှာလား ... ဒီသတင်းရဖို့ကလေ မလွယ်ဘူးရယ်သိလား ခုမှမြို့ကရောက်တဲ့ ဧည့်သည်ဆိုတော့ သိတဲ့သူကလည်း သိပ်ရှိတာမဟုတ်ဘူး အခုတောင် စပ်စုစိန်ကို မုန့်ဝယ်ကျွေးပြီး မေးလာရတာ ဒါတောင် သူက ဈေးကိုင်နေသေးတာ သိပ်ပြောပြချင်တာမဟုတ်ဘူး "

"ဟင်း ... မင်းတို့ ထန်းရည်သောက်ချင်တာမလား "
ဒီကောင်တွေ စကားတွေ ကွေ့ပတ်ပြောနေပေမယ့် အကြောင်းအရင်းက တစ်ခုတည်းပင် ...

🌻ကျွန်မယောက်ျား သူကြီးသား 🌻Where stories live. Discover now