အပိုင်း (၄)

2.7K 48 1
                                    

အပိုင်း (၄)

"အကိုလေး အရမ်းလန်းနေပါလားဗျ "
မိုးကျော််က မင်းဗညားကိုကြည့်ကာ ပြောလိုက်တော့ ...

"အဟက် ... ငါက ဘယ်တုန်းက မလန်းလို့လဲ "

"အမြဲတမ်းလန်းပါတယ် ဒီနေ့ပိုလန်းနေလို့ အဟဲ "

"မြှောက်မနေနဲ့ ... မမြှောက်လဲ ထန်းရည် ငါပဲတိုက်နေကျကို "

"အကိုလေးကလဲ မြှောက်တာမဟုတ်ပါဘူး တကယ်လန်းလို့ ပြောတာပါဗျ "

"ဟော ဟိုမှာ မြလေးတို့ ခင်နှင်းတို့ ရေလာခပ်ကြတာထင်တယ် "

ပိုင်ကြီးအပြောကြောင့် မင်းဗညားလှမ်းကြည့်လိုက်တော့ ရေတွင်းကနေ  တိုးတိတိုးတိပြောနေကြပြီး ပြုံးစိစိနဲ့ သူတို့ကိုလှမ်းကြည့်နေကြတဲ့ ရွာထဲက ကောင်မလေးတွေ ...
မင်းဗညား လဲ ထိုကောင်မလေးတွေကို လှမ်းပြုံးပြကာ မျက်စပစ်ပြီး မျက်လုံးမှိတ်ပြလိုက်၏ ...
ကြိုက်လို့ရယ်တော့ မဟုတ်ပေမယ့် ယောက်ျားလေးသဘာဝ လှမ်းကြောင်လိုက်သည် ...
ထိုကောင်မလေးတွေကတော့ ရှက်သွားကြကာ ကျန်နေခဲ့၏ ...

"အကိုလေးတို့များ စွံချက်ဗျာ ... ခင်နှင်းကလေ ကျုပ်တစ်ယောက်တည်းသာဆို ပြုံးပြဖို့‌မပြောနဲ့ မျက်လုံးချင်းစုံရင်တောင် မျက်စောင်းထိုးသွားတာဗျ "

ပိုင်ကြီး မင်းဗညားကို အားကျသလိုကြည့်ပြီး ပြောလိုက်တော့ ...

"ဟေ့ကောင် မင်းက အကိုလေးဗညားနဲ့ ဘယ်နားက ယှဉ်လို့ရလို့လဲကွ အရင်ဆုံး မင်းအရပ်ရှည်အောင်ပဲလုပ်လိုက်ဦး "

"ဟ မိုးကျော် မင်းကရော ငါနဲ့ ဘာထူးလို့လဲ "

"ဒါပေမယ့် ငါက မင်းထက်တော့ အရပ်ရှည်တယ်လေ "

"အောင်မယ် မင်းအသား ..."

"ကဲ တိတ်တိတ်နေကြစမ်းပါကွာ မင်းတို့ဆက်ငြင်းနေမယ်ဆို လစ်လိုက်တော့ "

"အဟဲ အကိုလေးကလည်း မငြင်းတော့ပါဘူးဗျ "

"ကိုအောင်ကြီး ထန်းရည်နှစ်အိုးလာချပေးနော် "

"အေးအေး အမြည်းက ခါတိုင်းလို ကြက်ကြော်ပဲမလား "

"ဟုတ်တယ် "

🌻ကျွန်မယောက်ျား သူကြီးသား 🌻Where stories live. Discover now