အပိုင်း (၁၉)

2.3K 54 2
                                    

🌻 ကျွန်မယောက်ျား သူကြီးသား 🌻 အပိုင်း (၁၉)

"ကိုသက်ထူးရေ ကိုသက်ထူး "

"ဟေး ဘာတုန်းဟ "

"ဒီမှာ ခင်မြတို့ ပါလာတယ်တော့ "

"ဟေ ဟုတ်သလား ... အေး အေး လာကြ လာကြ "

"လာ ခင်မြ "

"ကိုသက်ထူး နေကောင်းတယ်မလား "

"အေး ကောင်းပ့ဗျာ "

"လာ ခင်မြ အထဲမှာ အကုန်ပြင်ဆင်ထားပြီးသားပဲ ... ကိုသက်ထူး သားကအထဲမှာလား "

"အေး ဟုတ်တယ် အဲ့ကောင် ဒီနေ့ အပြင်မထွက်သေးဘူး "

"သားရေ ခဏထွက်လာပါဦးကွယ် မေမေမိတ်ဆက်ပေးစရာရှိလို့ "

"ဟုတ် လာပြီ "
မင်းဗညား မေမေခေါ်တာနဲ့ အခန်းထဲခေါင်းစိုက်နေရာက ထွက်လာခဲ့လိုက်တော့ အိမ်မှာ ဧည့်သည်တွေရောက်နေကြသည် ...

"လာ သား ... သားကိုမိတ်ဆက်ပေးစရာရှိလို့ ဒါက မေမေ့သူငယ်ချင်း ဒေါ်ခင်မြမှူးတဲ့ ဒါတော့ ဦးနိုင်တက်လူတဲ့  သမီးလေးလရောင်ရဲ့မိဘတွေလေ "
သားက သမီးလရောင်ကို စိတ်ဝင်စားနေမှန်းသိလို့ တမင်မိတ်ဆက်ပေးလိုက်ခြင်းဖြစ်သည် ...

"ခင်မြ ဒါက နု သားလေး မင်းဗညားတဲ့ "

"အေးအေး သားလေးက လူချောပဲ"
ဒေါ်ခင်မြမှူးက မင်းဗညားကို ပြုံးပြနေပေမယ့် ဦးနိုင်တက်လူကတော့ မင်းဗညားထွက်လာကတည်းက မျက်နှာကြီး မဲမှောင်ကာ ဆူပုတ်လို့နေလေပြီ...

"ဟုတ်ကဲ့ ကျေးဇူးပါဗျ ... အရီးတင်မြတို့ရော မပါဘူးလား "
အဓိကကတော့ လရောင်မပါဘူးလားလို့မေးချင်တာသေချာတာပေါ့ ...

"ဟုတ်တယ် သားရဲ့ ... မတင်မြက ဟိုဘက်ရွာသွားတာတဲ့။ ... သမီးလေးလရောင်ကတော့ အိမ်မှာအလုပ်ရှိလို့ နေခဲ့တယ် "

"ဪ ... "
သိ‌တာပေါ့ ဒီကကောင်ကြောင့် လိုက်မလာဘူးဆိုတာ ...

"ကျုပ်ရွာထဲခဏသွားလိုက်ဦးမယ်အမေ"

"ဟင် "
ဦးနိုင်တက်လူမျက်လုံးပြူးသွားရသည် ...
ဒီကောင်ဘာသွားလုပ်မလို့လဲ သမီးလေးကိုများသွားနှောင့်ယှက်မလို့လား ချက်ခြင်း အိမ်သာ ထပြန်ချင်လာတော့သည် ...

🌻ကျွန်မယောက်ျား သူကြီးသား 🌻Where stories live. Discover now