အပိုင်း ၁၁

1.9K 31 0
                                    

အပိုင်း (၁၁)

"မိစု "

"ရှင် ကိုကြီးဗညား "

"ဒီလာခဲ့ဦး "

"ဟုတ် ဘာပြောမလို့လဲ "

"နင် ဟိုနေ့က လရောင်လေးကို ငါ့အကြောင်း ဘာတွေ သွားပြောထားသေးလဲ "

သူ့အကြောင်းပြောနိုင်နိုင်တာ ဒီစပ်စုစိန်ကောင်မလေးသာ ဖြစ်နိုင်သည် ... သူမက ရွာရောက်တာက မကြာသေးတာမို့ သိတဲ့သူလဲမရှိသေး ... ဟိုနေ့က သူမအိမ်သွားတော့ အဲ့‌ကလေးမနဲ့ စကားပြောနေကြတာ မြင်ခဲ့တယ်မလား ... ဟွန့် လူလေးက ငယ်ငယ်လေးရှိသေး အဆိပ်ကတော့ ပြင်းပ ...

"ဟို ဘာမှမပြောပါဘူး ကိုကြီးဗညားကလဲ "

မိစု ခေါင်းကုတ်ကာ ဘာပြောလို့ ပြောရမှန်းမသိပေ ...

"ငါ့ကို မလိမ်နဲ့နော် လိမ်လို့ကတော့ နင် ဟင်းရွက်လာပို့ရင် ဟင်းရွက်ဖိုးတွေ ပိုတောင်းပြီး မုန့်ဝယ်စားတာ နင့်အမေကို သွားပြောလိုက်မှာ "
ဘယ်ရမလဲ မနိုင်နိုင်ရာနဲ့ ခြောက်ရမှာပေါ့ ... မင်းဗညားကို ဒါမျိုးလာလုပ်လို့မရဘူး ....

"ဟင် ကိုကြီးဗညားကလည်ူ အဲ့လိုတော့မလုပ်ပါနဲ့ ... သမီးက မမလရောင်ကို ကိုကြီးဗညားမကောင်းကြောင်းသွားပြောတာမဟုတ်ပါဘူး "
မျက်နှာလေးရှုံ့မဲ့မဲ့နဲ့ ပြောလာတဲ့ မိစုကို တည့်တည့်စိုက်ကြည့်ကာ ...

"အဲ့ဒါဆို ဘာပြောတာလဲ "

"ဟို ကိုကြီးဗညား စွံတဲ့အကြောင်းကိုပဲပြောပြတာပါ "

"ဘာ !"

"ဟုတ်တယ် ကိုကြီးဗညားကိုရွာထဲက အပျိုတွေက ဘယ်လောက်ကြိုက်ကြောင်း မမြလေးနဲ့ မခင်နှင်းတို့ဆို ကိုကြီးဗညားကြောင့် ရန်ပါဖြစ်ကြတဲ့အကြောင်းတွေပဲ ပြောပြတာပါ ကိုကြီးဗညားရဲ့ သမီးကိုကြီးဗညား မကောင်းကြောင်း ဘာမှမပြောပါဘူး တကယ်ပါ "

"ဟာ ... တယ် ငါလုက်လိုက်ရရင်တော့လေ "
မကောင်ကြောင်းမပြောလို့သာ တော်သေးတာပေါ့ မယ်မင်းကြီးမရယ်... ရွာထဲက အပျိုတွေဝိုင်းကြိုက်တယ်ဘာညာပြောမှတော့ သူ့ကို မျက်နှာများတယ် တဏှာရူးလို့ပဲထင်တေယ့မှာပေါ့ ...
သူက ဘာတွေများ ပြောချင်သေးတာလဲမသိဘူး ...
အဲ့တာကြောင့် ဟိုဟာလေးက ဟိုနေ့က သူ့ကို ခနဲ့သလိုနဲ့ ပြောသွားတာကို ...
ခံလိုက်ပေဦး မင်းဗညားရယ် ...

🌻ကျွန်မယောက်ျား သူကြီးသား 🌻Where stories live. Discover now