အပိုင်း (၉)

2.4K 40 2
                                    

အပိုင်း (၉)

"ဟင် ကိုကြီးဗညား "
မိစုက လရောင်နဲ့စကားပြောနေရင်း မုန့်လှည့်အနှိုက် မျက်လုံးက ခြံရှေ့ရောက်မိတော့ သူမတို့ဘက်ကို မျက်နှာကြီးဖြီးကာ ကြည့်နေတဲ့ ကိုကြီးဗညားကို မြင်လိုက်ရတာမို့ ပါးစပ်ကလဲ ထွက်သွားသည် ...

"ဟင် ..."
မိစုအပြောကြောင့် လရောင်လဲ မိစုကြည့်နေတဲ့နေရာစီ အကြည့်ရောက်မိတော့ ဟိုအမူးသမား ...ကြည့်နေလိုက်တာလဲ နှာဘူးအကြည့်တွေနဲ့ ...

မင်းဗညား တစ်ယောက်တည်းငမ်းနေရာကနေ သူမနဲ့အကြည့်ချင်းဆုံမိတော့ သူမကို မျင်လုံးတစ်ဖက်မှိတ်ပြကာ လှမ်းစလိုက်သည် ...
ထိုအခါမှာတော့ အံလေးကြိတ်ကာ မျက်စောင်းလေးထိုးပြီး ပြန်လှည့်သွားတော့၏ ... သူ့ကို လှည့်ပင်မကြည့်တော့ ...

"ဟီဟီ ... ကိုကြီးဗညားက မမလရောင်ကို သဘောကျနေတာထင်တယ် "
သူတို့နှစ်ယောက်ဖြစ်နေကြတာကို အစအဆုံးမြင်လိုက်ရတဲ့ မိစုက သွားကြီးဖြီးကာ ပြောလိုက်တော့ ...

"အို မိစုကလဲ မဟုတ်ပါဘူး အလကား မျက်နှာရူးနေတာ "

"ဟီး ကိုကြီးဗညားက သဘောကျမှာပေါ့ မမ‌လရောင်က အရမ်းချောတာကို... ဒါပေမယ့်လေ ကိုကြီးဗညားကို ပြန်မကြိုက်နဲ့နော်သိလား"

"မကြိုက်ပါဘူးမိစုရဲ့ ... ဒါနဲ့ ဘာလို့လဲဟင် "

"ဘာလို့ရမှာလဲ မမလရောင်ရဲ့ ... မမသာ ကိုကြီးဗညားနဲ့ ကြိုက်နေတယ်ဆိုတဲ့ သတင်းထွက်ကြည့်ပါလား ရွာထဲက အပျိုတွေ အကုန်ဝိုင်းမျက်စောင်းထိုးကြလိမ့်မယ် "

"ဟင် ဘာလို့လဲဟင် "

"ရွာထဲက အပျိုတော်တော်များများက ကိုကြီးဗညားကို အသေရရ အရှင်ရရလေ "

"ဟင် ... အဲ့အမူးသမားကိုလား "
လရောင် နှာခေါင်းလေးရှုံ့ကာ ပြောလိုက်တော့ ...

"ဟုတ်တယ် ... ကိုကြီး‌ဗညားကချောလဲချော ပိုက်ဆံလဲရှိ သူကြီးသားလဲဖြစ်တော့ ရွာထဲကအပျိုတွေက ငမ်းငမ်းကိုတက်နေတာပဲ မမြလေးတို့ မခင်နှင်းတို့ဆို ပိုဆိုး သူတို့နှစ်ယောင်က တည့်လဲ မတည့်ကြဘူး ကိုကြီးဗညားကို အပြိုင်လုနေကြတာ "

🌻ကျွန်မယောက်ျား သူကြီးသား 🌻Où les histoires vivent. Découvrez maintenant