အပိုင်း (၁၀)

2.6K 41 3
                                    

အပိုင်း (၁၀)

"ကဲ အားလုံး ရေနွေးကြမ်းသောက် လက်ဖက်လေးဝါးရင်း ခဏစောင့်ပေးကြပါဦးနော် လူမစုံသေးလို့ပါ "

သူကြီး ဦးသက်ထူးက မတ်တက်ရပ်ကာ အားလုံးကြားအောင်ပြောလိုက်တော့ ရွာသူရွာသားတွေအာလုံးကလည်း ခေါင်းငြိမ့်ကာ ထိုင်နေကြ၏ ...
ထိုအထဲတွင်တော့ လရောင်နဲ့ ဒေါ်လေးရော ပါတာပေါ့ ...
မနက်က သူကြီးသားဆိုတဲ့ ဟိုလူ သူမတို့အိမ်လာပြီး သူကြီးက ရွာအစည်းအဝေးရှိတယ်ဆိုပြီး ခေါ်ခိုင်းလိုက်တာကြောင့် လရောင်တို့လည်း ရောက်နေကြခြင်းဖြစ်သည် ...

"လရောင်လေး ပျင်းနေပြီလား လက်ဖက်စားနော် "
မင်းဗညားကတော့ မျက်နှာကြီးဖြီးကာ လရောင်နားပဲ တဝဲလည်လည်လုပ်နေ၏ ...

"မပျင်းပါဘူး ရှင် ဟိုဘက်တိုး "
သူမအနားအတင်းတိုးကပ်နေတဲ့ ထိုလူကို လရောင် အမြင်ကပ်လှပါပြီ ...
လူတွေနဲ့မို့ အော်လွှတ်လို့လဲမရ ...
ဟိုဘက်က ကောင်မလေးတွေကလည်း မကြည်ကြည့်တွေနှင့် လရောင်ကို ကြည့်လှပါပြီ ...မိစုပြောထားတဲ့ ဒီလူ့ကို ကြိုက်တဲ့ အပျိုတွေဆိုတာနေမှာ ...
ဒီလူကတော့ သုမ ရွာ ခဏအလည်လာတုန်းလေးကို လူမုန်းများအောင် လုပ်နေတော့တာပဲ ...

"အဟင်း ကိုယ်က လရောင်လေး ပျင်းနေမှာဆိုးလို့ ပျင်းရင်ကိုယ့်ကိုပြောနော် ခြံထဲလိုက်ပြပေးမယ် "

"အင်း အခုတော့ ရှင်ကျွန်မနားကနေ သွားတော့ "

"ဟဲ့ သမီး မောင်ဗညားကို အားနာစရာကွယ် "
ပေါ်တင်ကြီးမောင်းထုတ်နေတဲ့ တူမဖြစ်သူကြောင့် ဒေါ်တင်မြကပဲ ကြားထဲကနေ အားနာနေရသည် ...
သူများအိမ်လာပြီး သူ့ကို မောင်းထုတ်နေတယ်တဲ့ ...
ဟိုကောင်လေးကလဲ ပြောလဲ ပြောချင်စရာ စရောက်ကတည်းက အနားကနေမခွာတာကို ...
ကြိုက်မရှက် ငိုက်မရှက်ဆိုတာ ဒါမျိုးကိုပြောတာနေမှာ ...

"အဟင်း ရပါတယ်ဗျ ... အဲ့တာဆို ကိုယ် ဟိုဘက်ခဏသွားလိုက်ဦးမယ်နော် လရောင်တို့ တစ်ခုခုလိုရင် လှမ်းခေါ်လိုက် ..."

"..."
လရောင် ပါးစပ်က ဘာမှ‌မပြောပေမယ့် စိတ်ထဲကနေတော့ ကြွကြွ မြန်မြန်သာကြွပါတော့ဟုသာ ရေရွတ်နေမိ၏ ...
.........

🌻ကျွန်မယောက်ျား သူကြီးသား 🌻Where stories live. Discover now