အပိုင်း (၁)

5.9K 63 2
                                    

🌻ကျွန်မယောက်ျား သူကြီးသား🌻 အပိုင်း (၁)

"သူကြီးရေ သူကြီး "
အိမ်ရှေ့ကနေ အသံပြဲနဲ့ အော်ခေါ်နေတဲ့ ဒေါ်မြိုင်ကြောင့်သူကြီးရော သူကြီးကတော်ပါ ထွက်ကြည့်လာကြကာ ...

"ဟ ... မိမြိုင် ဘာလို့ ခြံရှေ့လာပြီး အာပြဲကြီးနဲ့ လာဟစ်နေရတာလဲဟ ..  လာ အိမ်ထဲဝင်ခဲ့ "

ဒေါ်မြိုင် သူကြီးခေါ်တာနဲ့ ခြေထောက်ကိုထော့နဲ့နဲ့လျှောက်လာကာ ဈေးဗန်းကို ခေါင်းပေါ်က ချပြီး အရှေ့က ကွပ်ပျစ်မှာဝင်ထိုင်လိုက်သည် ...
.
"ကဲပြော ...ဘာဖြစ်တာလဲ "

"ဘာဖြစ်ရမှာလဲတော့ ... သူကြီးသား ဗညားကြောင့်ပေါ့ "

"ဟင် ... ဒီကောင် ဘာပြဿနာရှာလိုက်ပြန်ပြီလဲဟ "

သူ့သားအကြောင်းသိနေကာ ဦးသက်ထူး ပါဝါထူမျက်မှန်ကြီးပင့်ကာ မေးလိုက်၏...

"ကျွန်မသားက ဘာလုပ်လိုက်လို့လဲ မမြိုင်ရယ် သားက မနက်တည်းက အခန်းထဲမှာ အိပ်နေတာပါတော့ ဘယ်မှတောင်မသွားသေးဘူး "
ဒေါ် နုနုငယ် အခန်းထဲက သားကိုလှမ်းကြည့်ကာပြောလိုက်၏ ...
တထစ်ချတော့ အာမ မခံရဲ တစ်ခါတလေ လူက အပြင်မှာ ရောက်နေပြီး ပြဿနာက အိမ်အရင်ရောက်လာခဲ့သည် ...

"ဟင်း ... ဗညား လုပ်တာတော့မဟုတ်ဘူး ဗညား ရဲ့ ခွေးလုပ်လိုက်တာတော့ ကျွန်မတော့ ‌ဈေးမရောင်းနိုင်တော့ဘူးနဲ့တူပါတယ်တော် ... ဒီဈေးလေးရောင်းပြီး စားနေရပါတယ်ဆို "

ဒေါ်မြိုင်က  ခွေးကိုက်တဲ့ ခြေသလုံးက ဒဏ်ရာကြီးပြပြီး မျက်ရည်လေးတစမ်းစမ်းနှင့် အကဲပိုကာလုပ်ပြနေ၏ ...

"ဟင် ... နင်က ဘာသွားလုပ်လို့ ခွေးက ကိုက်လွှတ်လိုက်တာလဲဟ "

"ကျုပ်က ဘာလုပ်ရမှာလဲတော့ ကျုပ်ဟာကျုပ် ဈေးရောင်းနေတာ ဗညား ရဲ့ခွေးက ပြေးပြီး ကျုပ်ကိုလာကိုက်တာတော် "

"ဟေ ... ဟာ မဲလုံးကြီးလဲ ချည်ထားတာမရှိတော့ပါလားဟ "

အဲ့လို လိုက်ကိုက်တတ်လွန်းလို့ ခါတိုင်းချည်ထားနေကျ နေရာကို လှမ်းကြည့်လိုက်တော့ မရှိတော့ ...
သူ့သခင်ကလဲ အိပ်နေတာ သိုးလို့ ...

"အဲ့တာ‌ေကြာင့်ပေါ့တော် ရွာထဲမှာတော့ ဘယ်သူ့တွေ ထပ်ကိုက်အုံးမလဲမသိဘူး "

🌻ကျွန်မယောက်ျား သူကြီးသား 🌻Where stories live. Discover now