အပိုင်း (၅)

2.7K 42 1
                                    

အပိုင်း (၅)

ဟို အမူးသမားတွေထွက်သွားပြီး ခဏလောက်နေတော့ ဒေါ်လေးလည်း ရောက်လာခဲ့သည် ...
မြန်မြန်ရောက်မှပါ ... ခဏကလို အမူးသမားတွေနဲ့ ထပ်တွေ့နေမှဖြင့် ...

"သမီး စောင့်ရတာ ကြာသွားလား ဒေါ်လေးလည်းချက်ချင်းတော့ထွက်လာတယ် ရွာထဲနဲ့ ရွာထိပ်က နည်းနည်းလှမ်းလို့ "

"ဟုတ် မကြာသေးပါဘူး ဒေါ်လေး "

"အေးအေး ပေးပေး အိတ်တွေ ဒေါ်လေးသယ်ပေးမယ် "

"ဟာ မဟုတ်တာ ဒေါ်လေးကလည်း လရောင်ပဲ သယ်ပါမယ် "

"ဟယ် သမီးက ခရီးပမ်းလာတာလေ သမီးရဲ့ ပေး ဒေါ်လေးကို "

"မပင်ပမ်းပါဘူး ဒေါ်လေးရဲ့ လရောင်ပဲ သယ်ခဲ့မယ်နော် "

"ကဲ အဲ့ဒါဆိုလဲ တစ်ယောက်တည်းတော့မသယ်နဲ့ တစ်ယောက်တစ်ဖက်စီသယ်မယ်နော် "

"အဟင်း ဟုတ် ဟုတ် "
လရောင်ရဲ့ အဝတ်အိတ်က ကအောက်က ဘီးလုံးနဲ့ ဆွဲလို့ရတဲ့ အိတ်ဆိုပေမယ့် ရွာလမ်းမှာကျ မြေမညီတော့ မရပေ ...
..........

"ဟေ့ကောင်တွေ ငါ့ကို ဘာလို့ ဆွဲခေါ်လာကြတာလဲကွ ဟိုမှာ နာမည်လေးတောင် သိမလာရဘူး "

မင်းဗညား ဟိုနှစ်ကောင်ကို အလိုမကျစွာ ပြောလိုက်တော့ ...

"ဟာ အကိုလေးကလည်း လက်ဝါးစာမိတော့မှာကို ကျုပ်တို့က ကယ်လာပေးတာကို ... ဟိုက တကယ်လုပ်မယ့်ပုံနော် "

"ဟွန့် ... စိတ်ဆိုးနေတာလေးကအစ ချစ်စရာလေးကွာ "

"ဟင်း ..."
ပိုင်းကြီးနဲ့ မိုးကျော်ကတော့ မင်းဗညားအပြောကြောင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ သက်ပြင်းချလိုက်ကြ၏ ...
ရောဂါကတော့ မသေးဘူး ...

"မင်းတို့ စုံစမ်းခဲ့ပေး ... ငါ သူ့အကြောင်းအကုန်သိချင်တယ် "

"ဟာ အကိုလေးကလည်း သူ့ကို ကျုပ်တို့မှမသိတာဗျ "

"ဟ မသိလို့ စုံစမ်းခိုင်းတာပေါ့ကွ ... အကုန်သိအောင် လုပ်ခဲ့ ... အလည်လာတာဆို ဘယ်သူ့ဆီ ဘာလာလုပ်တာလဲ ဘာပတ်သတ်လဲ နာမည်ရော အကုန် သိနိုင်သလောက်စုံစမ်းခဲ့ ရွာထိပ်မှာ စောင့်နေပုံရရင် ငါတို့ရွာထဲကပဲ နေမှာ မဟုတ်လဲ ရအောင် စုံစမ်းခဲ့ "

🌻ကျွန်မယောက်ျား သူကြီးသား 🌻Where stories live. Discover now