အပိုင်း (၃)

2.8K 49 1
                                    

အပိုင်း (၃)

"သမီးရေ သမီးဒေါ်လေးကို မေမေတို့လဲ အလုပ်တွေပြီးတာနဲ့ လိုက်လာမယ်လို့ ပြောလိုက်ဦးနော် "

"ဟုတ်ကဲ့ပါမေမေ "

လရောင် ဒေါ်လေး ရှိတဲ့ ရွာကို အလည်သွားဖို့ ပြင်ဆင်နေတုန်းမေမေကလဲ ဝိုင်းကူကာ မှာစရာရှိတာမှာနေ၏ ...

"သမီး ဒေါ်လေးကလဲလေ မြို့မှာ မေမေတို့နဲ့ လာနေပါဆိုတာကို မနေဘူး ... ဟော အဲ့တာကြောင့် အရွယ်လေးကောင်းတုန်းက အဖော်လေးဘာလေးရအောင် အိမ်ထောင်လေးဘာလေး ပြုဖို့ ပြောပြန်တော့လည်း မပြုဘူး ခု ရွာမှာ သူ့တစ်ယောက်တည်းဖြစ်နေတော့ မေမေတို့ကို မျှော်နေရှာမှာ "

"ဟုတ်တယ် ဒေါ်လေးက လရောင်တို့လာရင် တအားပျော်နေတာ "

‌ဒေါ်လေးက မေမေ့ရဲ့ ညီမအရင်းဖြစ်ကာ အရင်က မေမေကလည်း ရွာမှာ ဒေါ်လေးတို့နဲ့တူတူနေပေမယ့် ဖေဖေနဲ့အိမ်ထောင်ကျပြီး ဖေဖေက မြို့တက်အလုပ်လုပ်တာနှင့် မေမေပါမြို့လိုက်ခဲ့ရာ ရွာမှာ ဒေါ်လေးတစ်ယောက်သာ ကျန်နေခဲ့၏ ...
မိဘတွေလဲ မရှိတော့တဲ့ မေမေတို့ညီမအတွက် တွယ်တာစရာဆိုလို့ ဒီညီမနှစ်ယောက်သာရှိတာမို့ တစ်‌ယောက်နဲ့ တစ်ယောက်သိပ်ချစ်ကြသည် ...
မေမေက ဒေါ်လေးကိုလဲမြို့လိုက်နေဖို့ ခေါ်ပေမယ့် ‌ရွာကိုချစ်တဲ့ဒေါ်လေးက မိဘတွေခေါင်းချသွားတဲ့ ဒီရွာမှာပဲ နေချင်တယ်ဆိုပြီး အမြဲငြင်းတာကြောင့် နောက်ဆုံးတော့ မေမေလည်း လက်လျှော့လိုက်ရပြီး အလုပ်တွေအားရင်အားသလို ဒေါ်လေးဆီသွားလည်ကာ ဒေါ်လေးကလည်း တစ်ခါတလေ လာလည်တတ်၏ ...
ခုလဲ လရောင်လည်း ကျောင်းပြီးလို့ ဘွဲ့ရပြီဖြစ်တာကြောင့် မေမေက လရောင်ကို ဒေါ်လေးဆီ အရင်သွားခိုင်းနေ၏ ...

"သမီး ဒေါ်လေးက သားသမီးရင်းချာလည်းမရှိတော့ သမီးလေးကို သိပ်ချစ်ရှာတာ "

"ဟုတ် လရောင်လည်း ဒေါ်လေးကို ချစ်ပါတယ် မေမေရဲ့ "

"အေးပါကွယ် ... ရွာရောက်ရင် သမီးဒေါ်လေး လာကြိုလိမ့်မယ် သိလား "

"ဟုတ် "

"ရွာရောက်ရင် မေမေ့ဆီဖုန်းဆက်နော် သမီး ‌အဒေါ်လာကြိုတာ နောက်ကျနေရင်လည်း ဘယ်မှလျှောက်မသွားနဲ့နော်သမီး "

🌻ကျွန်မယောက်ျား သူကြီးသား 🌻Where stories live. Discover now