Part -1 To The Guest

2.3K 145 17
                                    

တဖျစ်ဖျစ်မြည်နေတဲ့ မီးတောက်တွေ
မီးဆွဲနေတဲ့ပိတ်ကားတွေ
နမ်းနေတဲ့ အမျိုးသားနှစ်ယောက်ရဲ့ပန်းချီတွေ
ပြီးတော့ ခါးထက်က တတ်တူးအစအနလေးတွေနဲ့
လက်တစ်စုံ နောက်ပြီးတော့ မှေးအောက်က မှဲ့လေး 
ဒါ့အပြင်နုတ်ခမ်းပါးပါးလေးတွေ
ပြီးတော့ပြီးတော့ ပြီးတော့..........
မီးတောက်တွေ🔥🔥🔥🔥🔥🔥🔥

" အားးးးးးးး"

" အကိုလေး အဆင်ပြေလား"

ရင်ဘတ်ကို ဖိကပ်ကာ အော်ရုန်းလိုက်ခြင်းသည်
အိမ်မက်တွေဆီက ခဏရုန်းထွက်ရခြင်းပင်ဖြစ်သည်။

လက်တွေ့ဆန်သော အိမ်မက်ထဲက အနမ်းတွေသည်
မက်တိုင်း မက်လေတိုင်း လတ်ဆတ်နေသေးပြန်သည်။
အထိအတွေ့တွေသည် သိပ်ကို လက်တွေ့ကျသလို
မီးတောက်တွေသည်လည်း အပြင်လက်တွေ့မှာ
ပူပြင်းနာကျင်ရသလို jimin ကို ဝါးမျိုနေသလို
ခံစားရပြန်သည်။
စိတ်တွေရှုပ်ထွေးချိန်တိုင်း
နှောက်ယှက်တတ်သော အိမ်မက်သည်
စိမ်းစိုသော တောတန်းလေးဖြစ်မနေပါပဲ
အေးမြသော စမ်းချောင်းလေးဖြစ်မနေပါပဲ
စွဲလမ်းမူကို ပေးစွမ်းနိုင်သည်။
အဓိကတရားခံက နုတ်ခမ်းပါးတွေ

ငယ်စဉ်ကတည်းက မက်တတ်သော
ထိုအိမ်မက်ကြောင့် အမြဲ လန့်ကာ အော်နိုးခဲ့ရသည်မို့
Jimin ကိုယ်တိုင်သာမက
Jimin ၏ ပတ်ဝန်းကျင်ကပါ အကျွမ်းတဝင်ရှိနှင့်လေပြီ
အခုလည်း တပည့်ကျော် ဂျယ်ဟော့က
လှုပ်နှိုးကာ သတိပေးနေရပြန်သည်။
ဘေးလူတယောက်ကသာ သတိပေး လှုပ်မနိုးပါလျှင်
Jimin ၏ အိမ်မက်တွေသည် ကြာရှည်တတ်လေ၏
အမြဲတမ်း မီးတောက်တွေ
အနမ်းရိုင်းရိုင်း ပန်းချီကားတွေ
နုတ်ခမ်းပါးတစုံသည်
တူညီသည့် မြင်ကွင်းအဖြစ်
အိမ်မက်တွေမှာ အချိန်တခုအကြာထိ
စိုးမိုးနိုင်နေခဲ့လေသည်

" အကိုလေး အဆင်ပြေရဲ့လား"

" အင်း ရေတခွက်လောက်"လို့ ပြောတဲ့
park jimin အသံမှာ
ပင့်သက်တွေနဲ့ သူခြောက်ခြားစွာ နိုးထလာရတာ
ဒါသည်ပထမအကြိမ်မဟုတ်တော့တာကြောင့်
လက်တိုလက်တောင်းခိုင်းရသည့်တပည့်ဖြစ်သူပင်
သိနေလေပြီမလားထို့ကြောင့် ထုံးစံအတိုင်းမေးလေသည်။

To The Guest (ဧည့်သည်သို့.....)Where stories live. Discover now