Part two

1K 137 14
                                    

အယုံအကြည်ကင်းမဲ့သူသည် ယခုနတ်ဆရာမ၏ စကားများကို ခေါင်းထဲကမထွက်နိုင်ပဲ

တွေးတောနေမိသည်။ ပြီးတော့ ခပ်ဖွဖွရေရွတ်မိသေးသား

"ငါတို့နောက်ဘဝတွေကျ idolတွေများဖြစ်နေမလား "

နောက်ဘဝအတွက်တွေထိပါ
ကံကြမ္မာဆက်နွယ်နေဦးမယ်ဆိုရင်
အိမ်မက်ထဲက နုတ်ခမ်းတွေက
သိပ်ကိုတန်ခိုးကြီးလို့ဖြစ်မယ်။

ဒီဘဝမှာလည်း ပြန်တွေ့ရမယ်ဆိုပေမယ့်
ငါတယောက်ထဲကပဲသူ့ကိုမှတ်မိနေရမှာလား
ထပ်တူကျမူဆိုတာကရောဘာပါလိမ်"

ဟိုတယ်ဖွင့်ပွဲအတွက် ရေချိုးပြီးပြင်ဆင်နေချိန်လေးကို အတွေးများနေရပြန်ပါသည်။

************************************************
" တွေ့ခဲ့လား"
" တရုတ်ပြည်ထွက်သွားပါတယ်တဲ့ boss J"
"မင်းတို့အရမ်းးညံ့တာပဲ"

ဆေးလိပ်အတိုကို အပြီးသတ် ဖွာချလိုက်ပြီး စူးရဲရဲ မျက်လုံးတွေနှင့် Boss J က ကြည့်လိုက်သည်။

"ကျနော်တို့လေဆိပ်ကိုလိုက်သွားတဲ့အချိန် လေယာဉ်ကထွက်သွားခဲ့ပါပြီဘော့စ် ဟို... တောင်းပန်ပါတယ်"

အထစ်ထစ်အငေါ့ငေါ့တောင်းပန်နေသူ လူမိုက်တဦးအား လက်ထဲက အရက်ပုလင်းနဲ့ ရိုက်ပစ်လိုက်သည်။

"စောက်သုံးမကျမူတွေကိုနားထောင်ဖို့ ငါဒီထိုင်ခုံမှာ
ထိုင်နေတာမဟုတ်ဘူး ဒေးဗစ် အဲ့ဒီအမျိုးသမီးရဲ့အသိုင်းအဝိုင်းကို စုံစမ်း"

"ဟုတ်ကဲ့ပါဘော့စ်"

ဒေးဗစ်သည် အားကိုးရသော လူယုံတော်တဉီး
ဘောစ့် ဂျေ။ နီးနီး မိုက်နိုင်သူတဦး

အရိပ်အကဲလည်းပါးနပ်သူတဦး။

"ဘာပြောဉီးမလို့လဲ ဒေးဗစ်"

"အပြင်မှာ ရှယ်လီရောက်နေတယ်ဘော့စ်"

"သူသိပ်ကိုဝရိယကောင်းနေတာပဲ ကောင်းပြီလေ ငါ့ကို
ဟိုတယ် တခုမှာ အခန်းBooking တင်ထားပေး
ငါမသွားဖူးတဲ့ဟိုတယ်ဆိုပိုကောင်းမယ်
ရှယ်လီက မနေ့ကမှ အဖြေရထားတဲ့
ရည်းစားအသစ်စက်စက်လေး"

ပါးကအရာလေးထင်အောင် စိမ့်ကနဲပြုံးတတ်လိုက်ပုံများ ခပ်မိုက်မိုက်ပုံစံလေးနှင့်မလိုက်အောင်ပဲ
ဖြူဖြူစင်စင်လေး
သို့သော် အတွေးတွေကတော့
dirty mind နေလိုက်တာများ
မမသိမ့် စာဖတ်သူတွေအတိုင်း

To The Guest (ဧည့်သည်သို့.....)Where stories live. Discover now