Part -6

1.1K 122 22
                                    

" အကိုလေး ဘာလို့ boss Jကို
တဖြောင်းဖြောင်းတီးနေရတာလဲ"

" ဘာဖြစ်လဲ တီးတော့"
" ဟိုကပြန်လုပ်ရင် အကိုလေးရာ"
" ဖယ်စမ်းပါ အတိတ်တွေကျ မမှတ်မိပဲ
ပရမ်းပတာလုပ်တဲ့ ကောင်ကို
ငါထပ်တီးချင်လို့"

" ခများကများ ကောက်ချီပြီးကိုင်ပေါက်ရင်တကိုင်ပေါက်စာမရှိဘူး "

" လာလေ လုပ်လိုက်စမ်းပါ
ပြီးရင်နောင်တတွေတဖွဖွနဲ့
ပြန်ယုယမယ့်ကောင်က မင်းပါမောင်ရဲ့"

" တွေ့လား ဒေးဗစ်
ဟို လက်ပစ်တုတ်က အဲ့လက်နက်ထုတ်ထုတ်သုံးနေတာ တွေ့လား"

" ဘာလက်နက်မှသူ့မှာ မရှိပါဘူး ဘော့စ်ရာ
လာပါပြန်ရအောင် ဒေါက်တာကိုလည်း အားနာစရာကြီး"

Namjoon မှာ ခွေးဆိုးကောင်ကိုလန့်၍ ပြုံးလည်းမပြုံးရဲ လူနာတွေ ရန်သတ်နေတာမို့ ဖြန်ဖြေဖို့လည်းမရဲ အီလည်လည်နှင့်ရှိလေသည်

" တွေ့လား ခွေးပစ်တုတ်အသေးလေးက
ငါ့ကို နားရင်းလာလာတီးတာ
မင်းကြည့်ကောင်းနေလား ဟမ် ဒေးဗစ်"

မနိုင်နိုင်ရာ ကို စမဲနေပြန်ပါပြီ

" ငါကခွေးပြစ်တုတ်ဆို ခွေးက မင်းပဲ ခွေးဆိုကောင်"

" ပျော့ခွေသွားအောင်နမ်းပြစ်မှ ခများက မှတ်မှာ"
" လာစမ်းပါ လာခဲ့ပါ ပျော့ခွေသွားတဲ့သူက မင်းဖြစ်သွားမယ် သိလား"

(‌ဪအေးအေး သတ္တိတွေကောင်းနေလိုက်ကြတာ)

" အကိုလေး အကိုလေး"
ခါးကနေ သိမ်းဖမ်းဆွဲထားရက်နဲ့
ရာဘာဖြူလေးသည် လွတ်ထွက်ချင်ချင်ရယ်

ဆွဲတဲ့သူရှိနေလို့ ပိုကဲ နေကြသူများပင်
ဂျယ်ဟော့အစွဲကောင်းမူကြောင့်
Jimin ရင်ဘတ်ကြယ်သီးတွေ ပြုတ်ထွက်ကုန်သည်
ခပ်ဖွေးဖွေး ရင်ဘတ်လေးဟာ နီစွေးစွေး အရောင်သမ်းနေပြန်သည်။

" မင်းကထိန်းထိန်းသိမ်းသိမ်းမဆွဲတတ်လိုက်တာ"

ဒေးဗစ်လက်ထဲက ရုန်းထွက်ကာ
ဂျယ်ဟော့ ကော်လံတွေကို ဆွဲပြီးကြိမ်းဝါးလိုက်သေးသည်

" ကြယ်သီးတွေပြုတ်တဲ့အထိ မင်းမထိန်းမသိမ်းဆွဲစရာလား"

" ဂျယ်လေး"
ဒေးလည်း လန့်သွားသည် ဘော့စ်ကြမ်းရင် သိပ်ကြောက်စရာကောင်းတာမို့

To The Guest (ဧည့်သည်သို့.....)Where stories live. Discover now