Part-13

774 112 18
                                    

ဝမ်းနည်းမူသည် တိတ်ဆိတ်ခြင်းကိုခေါ်ဆောင်သည်။
ရှိုက်သံလေးပင်မထွက်နိုင်ပဲ
ထိုအခန်းထဲမှာ အိပ်ပျော်နေခဲ့မိသည်။

အိမ်မက်အပိုင်းအစတွေသည် ထိုညတွင်
အဆက်လိုက်ဇာတ်လမ်းကိုပုံဖော်နေသလို

ပြီးခဲ့သော အတိတ်ဘဝတွေမှာ မောင်သည်
စတင်ချစ်ရခြင်းဟူခေါင်းစဉ်ကိုသယ်ပိုးထားခဲ့သည်။

ဒီဘဝမှာတော့ စတင်ချစ်ရခြင်းကို
ငါကပဲလုပ်ဆောင်နေရခြင်းကိုဗွေမယူလိုပါ။

အိမ်မက်တွေထဲမှာ မောင်သိပ်ကိုနာကျင်ခဲ့မှာပဲ။

***************************************

ထိုညက ထိုအနမ်းတွေသာယာမူတွေအပြီးမှာ
အိမ်မက် မမက်တတ်သော

လူဆိုးလေးသည် အိမ်မက်တွေ မက်တတ်လာခဲ့သည်။

ကျနော်အကုန်လျော်ပေးမှာပါ
အခုနောက်တခွက် ပေးပါဆို။

သူက အဖြူရောင်ကြိုက်တယ်ထင်တယ်

" မင်းသူ့ကို စိတ်ဝင်စားနေတာလား jk"
" ချစ် ...သွား..တာ.."

" ဒီညအဖို့တော့ သူခွဲမပြစ်တဲ့ ဖန်ခွက်လေး တခွက်ဖြစ်ချင်တယ်"

**********
" ဘာလုပ်တာလဲ"

" မျက်လုံးလေးတွေက ကြယ်လေးတွေလို
တလက်လက်ဖြစ်ပါရက်နဲ့
ဘာလို့ဖန်ကွဲစတွေကို မမြင်ရတာလဲ"

*****************
" ဟေ့လူ ဘာတွေရွတ်နေတာလဲ
ကြားအောင်မပြောပဲ ပွစိပွစ်နဲ့ဘာအထာလဲ"

" ခြေဖဝါးတွေမှာ အပြစ်မရှိပဲ ဖိနပ်တွေကို ချွတ်မထားပါနဲ့လား"

******************
" ဖိနပ်စီးပေးချင်ပေမယ့် အဖြူလေး ပေသွားမှာစိုးလို့
စီးမပေးတော့ဘူး"
" ဘာပြောတာ"

ခွေးပစ်တုတ်ဟာ မြင်ကွင်းထဲမှာ
အဖြူရောင်ခပ်ဆိုးဆိုးကောင်လေးအဖြစ်
မြင်နေရသည်။

***********
" ခများက သိပ်မွှေးတယ်"
" ဘာကိုခများလဲ မင်း ဘယ်ခုနှစ်ဖွားလဲ"
" ......"
" နှစ်နှစ်ငယ်တယ် အကိုလို့ခေါ်"

" အကို!!!!"
ကျနော်က စုတ်တံတွေကို သုံးပြီးဆေးစက်တွေကို
ချယ်တဲ့သူမို့ ကြောက်စရာမကောင်းပါဘူး
အကို့ကို အန္တရာယ်မပြုပါဘူး"

To The Guest (ဧည့်သည်သို့.....)Where stories live. Discover now