ဇာတ်သိမ်း

892 114 15
                                    

"အကို"

ခေါ်လို့မဝသော နာမ်စားတခုအား
မီးတောက်တွေကြားမှာ မောင်မြတ်မြတ်နိုးနိုး ခေါ်မိသည်။

"မောင်"

ထပ်တူကျမူဆိုတာ မီးတောက်ကြားက
အနမ်းတွေပဲလား အကိုရယ်။

မောင်တို့ရဲ့ နောက်ဆုံးရင်းနှီးမြုပ်နှံမူဖြစ်လောက်မှာပါ။ သံသရာအဆက်ဆက် ဒီလက်သေးသေးလေးတွေကို
မဖြုတ်တော့ဘူး

သတိရလာတဲ့အကိုဟာ ချက်ချင်းနွေးနွေးပွေ့ဖက်လာသည်။သေချာပေါက် ကျနော့်မျက်နှာကို ထိတွေ့လာတဲ့
သူလက်ကလေးတွေတုန်ရီနေသေးတာ

"မောင် ငါသိခဲ့ရပြီသိလား
နတ်ဆရာမ အကူအညီနဲ့လေ "
သတိရရလာချင်းပြောသောစကားဟာ
အဆက်အစပ်မရှိတာမို့ ဂျောင်ဂုသည်
အကို့အား စူးစိုက်စွာကြည့်လိုက်တာမို့
အကိုကဖြေရှင်ူလာသည်။

" ငါတို့အတိတ်ကအကြောင်းတွေကို
ငါအားလုံးသိရပြီလို့ပြောချင်တာ
မောင့်အပေါ်မှားခဲ့တာတွေအတွက်
ငါတောင်းပန်ပါတယ်နော်"

"အတိတ်ဘဝကတောင် အကို့ကို အပြစ်မတင်ဖူးတာ တောင်းပန်စရာလိုလို့လား"

"မီးတောက်တွေ"

"အွန်း "

"ဒီဘဝမှာ လည်း မောင်နဲ့အတူသာဆို ငါသေရဲတယ်"

"မရတော့ဘူးလေ အဲ့တာ အရင်ဘဝ
ဒီဘဝမှာ မပေါင်းရသေးပဲ လုံးဝအသေမခံဘူး
ခများကိုလက်ထပ်ရဦးမှာမို့ မီးတောက်တွေထဲက လွတ်အောင် ထွက်ရအောင်ချစ်ဆုံးလေး"

"ဒီလက်ကလေးကိုတွဲပြီး မီးတောက်တွေကိုဖြတ်ခဲ့သည်. မီးတောက်ပူပူတွေကြားမှာတောင်ပြုံးနိုင်စေတာ
ဒီလက်ကလေးတွေက သိပ်ကိုတန်ခိုးကြီးတာ

***************************************************************

သက်ပြင်းတချက်ကြောင့်ခေါက်ဆွဲပြုတ်နေသည့်
ခွေးဆိုးကောင်သည်
ခွေးပစ်တုတ်လေးနားရောက်လာခဲ့ပြန်သည်.

"အဲ့ဒီသတင်းကြီး မကြည့်နဲ့ဆို"

"ရှေ့နေကြီးကငါ့အပေါ်ဆိုသိပ်ကောင်းခဲ့တာ
ငါ့ဒယ်ဒီအမျိုးတွေက စည်းစိမ်တွေကိုအပိုင်လုမှာ
စိုးလို့...."

To The Guest (ဧည့်သည်သို့.....)जहाँ कहानियाँ रहती हैं। अभी खोजें