Part 12

752 113 18
                                    

"ကျနော်တို့လက်ထပ်ရ‌အေအာင် ဂျင် ဟျောင်း"

"ဘာ"

"ဖေကြီးရဲ့နောက်ဆုံးဆန္ဒပဲ "

"ဖေကြီးဆုံးခါနီး ပြောခဲ့တဲ့စကားက အဲ့ဒါလား ကု"

"ဟုတ်တယ် ဟျောင်းကို စောင့်ရှောက်ရမှာက ကျနော့်တာဝန်ပဲ"

"ငါဆရာဝန်တယောက်ဖြစ်လာရခြင်းက မင်းရဲ့စောင့်ရှောက်မူတွေပဲလေ ကုရယ် လက်ထပ်ဖို့ကျ"

"ဟျောင်းကို အချိန်ပေးပါတယ် စဉ်းစားပါ "

"ငါမင်းကို အခုအမှောင်လောက နွံထဲက ထွက်စေချင်တယ်ကု "

"ဟျောင်းကျနော့်ကိုလက်ထပ်ရင်
နွံထဲက ထွက်ပြီးသားဖြစ်သွားမှာပါ
ကျနော်ဒီနွံထဲကိုခုန်ဆင်းခဲ့တယ်ဆိုတာကလည်း
ဟျောင်းကို စောင့်ရှောက်ဖို့ပဲလေ "

"ငါတို့မှာ အချစ်မပါပဲ ရှေ့ဆက်လို့ဖြစ်မယ်မထင်...."

"သံယောစဉ်တွေက အသုံးဝင်မှာပါ"

တကယ်တော့အရမ်း စိတ်လောစွာ
ပြောဖို့မလိုအပ်သေးပါ။
ဂျင်ဟျောင်း ကိုသာ စည်းအဖြစ်မထားခဲ့ရင်
ခွေးပစ်တုတ်ကို စိတ်ယိုင်သွားမိမှာ

*****စိတ်ယိုင်တော့လဲဘာဖြစ်လဲ ။
သူက မင်းမချစ်လို့မရစရာ အကြောင်းမှ မရှိတာ။
ဖေကြီးရဲ့ ဆန္ဒတွေက ရှိသေးတယ် ။ ငါ့ကြောင့် ဆုံးရှုံးမူများတဲ့ ဟျောင်းကို ငါတာဝန်ယူသင့်တယ်လေ။****

နံပါတ်စိမ်းတခုသည် ဖုန်းတွင်မြည်နေသည်.

"ဟယ်လို"

"ဘော့စ်ဂျေ ကျနော် ဂျယ်လေးပါ"

ကျစ် ဆရာ့အကြောင်းပြောတော့ သူ့တပည့်က
ဖုန်းဆက်တယ် ဆရာတပည့်နှစ်ယောက်က အာရုံပဲ

"ပေးစမ်း ဂျယ်လေး ငါပြောမယ်"

ဟောကြားလိုက်ရပါပြီ ခွေးပစ်တုတ်ရဲ့အသံ

"ဒီမှာ"

"ဘာလဲပြော"

"မင်းသားအတွက် ငါ့သားကိုလာတောင်း"

"ဘာကြီးလဲ"

"အူလိုက်တာ "

"ဘာဗျ"

"နားရင်းရိုက်မှ ဉာဏ်အလင်းတွေ
ပွင့်တတ်တာလားမင်းက"

"ခများ တော့ နာတော့မယ်"

To The Guest (ဧည့်သည်သို့.....)Where stories live. Discover now