ဇာတ်သိမ်းတပိုင်းတစ်စ

752 96 6
                                    

"ဒါဆိုရှေ့နေကြီးက အကိုလေးကို ခေါ်သွားတာပေါ့
ဟုတ်လားဒေး"

" လာပြန်ပြီ ရှေ့နေကြီးဆိုပြီးကြည်ညိုသံတွေ"
" ငါမှ အကြောင်းစုံမသိတာပဲ
ငါသိတာ အကိုလေးကိုစိတ်ပူတယ်ဒါပဲ"

" မသိရင်သိအောင်ပြောထားမယ် ဂျယ်လေး
ဘော့စ်ရှေ့မှာ ရှေ့နေကြီးရှေ့နေကြီးသွားလုပ်မနေနဲ့
အကိုလေးကလွဲရင် ကျန်တဲ့သူကို ဘော့စ်ဂျေက လူထင်တာမဟုတ်ဘူး

ပြီးတော့ မင်းတို့ကြည်ညိုနေတဲ့ ရှေ့နေကြီးဆိုတာ မူးယစ်ရာဇာ ခေါင်းဆောင် မင်ယွန်ဂီ"

" ရှေ့နေကြီးကလေ တကယ်ကြီးလား"

" ဟော ခေါ်နေပြန်ပြီ ဟုတ်တယ် မယုံရင် cctv record ကိုကြည့် မျက်နှာနှစ်ဖက်နဲ့လူ အဲ့လူက"

" ဘော့စ်ဂျေရော"
" သေနတ်တလက်ကို ကျည်အပြည့်ဖြည့်ပြီး လိုက်ရှာနေတယ်"
" မင်းလိုက်မသွားဘူးလား"
" တယောက်ထဲ လှုပ်ရှားမှာမို့ ငါနေခဲ့ရတာ"
" ငါဖြင့်စိတ်ပူလိုက်တာ"

နုတ်ခမ်းကိုကိုက်ကာ စိတ်ပူနေသူဂျယ်လေးအား
ဒေးမထင်မှတ်ပဲ စိုက်ကြည့်ပြီး
တံတွေးကို မျိုချမိသည်။
လက်ထပ်ပြီးနောက်ပိုင်း ဒီပိန်ပိန်ရှည်ရှည်လေးရဲ့
စိတ်ပူသံတွေကို ဒေးခုံမင်လာမိသည်။
ပြီးတော့ ဂျယ်လေးကိုတပ်မက်လာမိသည်။

**********************
" မင်းစိတ်ပြတ်သားနိုင်လို့လား hope"
" သက်ပြင်းတချက်ကို ချပြီး laptop ပေါ်က Keyboard ဆီမှ စာလုံးတွေကို အာရုံစိုက်လိုက်သည်"

J hope ဆိုသော IT ပညာရှင်လေးသည်
မင်ယွန်ဂီ၏ နောက်ကို ခြေရာခံလိုက်ဖို့
ဖုန်းကို လှမ်း hack ပြီး ခြေရာခံနေလေခြင်းပါ။

" နေရာ ကို သိရပြီ"
ဘေးက သူငယ်ချင်းသည် နေရာသိရပြီဆို၍
Laptop screen ဆီ ချဉ်းကပ်လာသည်။
ပြီးတော့ j hope ကိုအကဲခတ်နေသည်။
ဒါကိုသိတာမို့ လက်ကာပြကာ

" ငါအဆင်ပြေတယ်"
" ဆုံးဖြတ်ရခက်နေရင် ငါတို့ တခြားသူကို လွှဲပြောင်းတာဝန်ပေးကြမယ်ဆိုရင်ရော hope"
" မဖြစ်ဘူး ဒီလူကြီးကို ငါကိုင်တွယ်မှ ဖြစ်မှာ"
" မင်းသူ့ကို ချစ်နေရက်တောင်မှလေ"
" အင်း ချစ်လို့ ငါကိုယ်တိုင် ချယ်လှယ်မှာငါကိုယ်တိုင်ဖမ်းမှာ"
" မင်းသူ့ကိုသစ္စာဖေါက်မှန်း မင်းက အစိုးရရဲ့ သူလျိုမှန်းသူသိသွားရင်

To The Guest (ဧည့်သည်သို့.....)Where stories live. Discover now