Part-7

791 99 12
                                    

"အကိုလေး ဒါအကိုလေး အတွက်တဲ့"

"နေကြာတွေပါလား ဘယ်သူလာပေးတာလဲ"

"မသိဘူးအကိုလေး လူတယောက်ပဲ deli သမားပဲ
ထင်တယ်"

'ဘယ်သူမှန်းမသိပဲ လက်ခံလိုက်တယ်ပေါ့ "

"ဟုတ်အကိုလေး"

"ထားပါတော့"

ရုံးခန်းစားပွဲပေါ်တွင် နေကြာတစည်းက
နေရာယူနေလေပြီး ကဒ်လေး တခု ပါလာတာမို့
ဖတ်ကြည့်မိတော့

"နေကြာတွေကိုနှစ်သက်တယ်မလား အကို
ကျေးဇူးပြုပြီးပြုံးပေးပါ ကျနော့် နတ်သားလေး"

အကိုတဲ့ ဘယ်သူများလဲ
ခွေးဆိုးကောင်များလား
အိမ်မက်တွေထဲမှာ အကိုလို့ သူခေါ်ဖူးတယ်မလား
စကားလုံးတွေက နူးညံ့လွန်းတယ်
သူဟုတ်နေပါ့မလား။

ဘာပဲဖြစ်ဖြစ် နေကြာတွေကို jimin သဘောကျပါတယ်
အထူးသဖြင့် ပန်းဝါဝါတွေကိုပေါ့။

******************

ထုံးစံအတိုင်း မီးအလင်းရောင်တွေဟာ
မှိုင်းပြပြဆန်လှသည်။ ဟိုတစဒီတစ်စ
နံရံပန်းချီတွေသည်လည်း ဂမ္မီရဆန်လှသည်။

ပထမတစ်ခါ ရောက်ဖူးသူ ဂျီမင် က
ဘာမှ မခံစားရလေဟန်ပေါက်ပေမယ့်
အခုမှရောက်ဖူးတဲ့ ဂျယ်လေးကတော့
ဂျီမင်၏ ပခုံးစွန်း စကို ဆွဲကိုင်ထားလေတော့သည်။

"ရောက်လာပြီလား မျှော်နေတာ"

ထုံးစံအတိုင်းပဲပါ ခရမ်းရောင်မီးလင်တိုင်တွေရှိတဲ့
အခန်းဝရောက်သည်နှင့် နတ်ဆရာမ အသံ
ထွက်ပေါ်လာပြန်သည်။

"ကျနော် သူ့ကိုတွေ့ပြီ"

"ကျွတ် ကျွတ် ကျွတ် မေတ္တာ အစွမ်းတွေပဲသား "

'သူကျနော့်ကိုမမှတ်မိဘူး "

"သူမင်းကို အရမ်းချစ်လာမှာပါ အခုလည်းချစ်နေပါတယ် ဘာလို့ဆို သူ့ဆုတောင်းတွေက ဘဝအဆက်ဆက်
မင်းကို ချစ်ခွင့်ရဖို့ပဲလေ"

"သူကျနော့်ကိုမသိဘူး မမှတ်မိဘူး"

"အကြောင်းတရားတွေရှိနေလို့ပါသား"

"ဘာအကြောင်းတရားတွေလည်း "

"ပြောပြလို့မရသေးဘူး "

To The Guest (ဧည့်သည်သို့.....)Where stories live. Discover now