Part-15

930 121 15
                                    

"မင်လေး"
" ဟုတ်ကိုကြီး"
" မနေ့က မင်လေးဆီရောက်သေးတယ်
နေမကောင်းဘူးဆို"
" ဟုတ်ကိုကြီး"
" မင်လေး ကိုယ်ပြောတဲ့ကိစ္စဘယ်လိုသဘောရလဲ"
"ကိုကြီးပဲ ကျနော့်ကို အချိန်ပေးမယ်ဆို"
" အာ အင်း ဟုတ်ပါတယ်လေ မင် စဉ်းစားပါ"
" ကျနော်ပြန်တော့မယ်နော်"
" မင် ကိုယ်ကော်ဖီတောင်မသောက်ရသေးဘူးလေ"
" အာ ဟုတ်သားပဲ မီယားနဲ"

တကယ်တော့ jimin တကယ်ကို အားအင်မရှိပါ
မနေ့က မောင်နဲ့တညတာ ကုန်ဆုံးပြီးနောက်
အဖျားငွေ့ငွေ့ကျန်ခဲ့သည်
ပထမဆုံးအကြိမ်ကိုဖြတ်ကျော်ခဲ့သည်မဟုတ်လား

" မင်ပြန်ချင်ပြီလား"
" ကျနော် နေမကောင်းလို့ပါ"
နဖူးပေါ်ရောက်လာသည့် ကိုကြီး လက်ဟာ မြန်လွန်းသည်

"ဟုတ်သားပဲ ဖျားငွေ့ရှိနေတယ်"
" ဟုတ်"
" ဆေးခန်းတခါထဲ လိုက်ပို့မယ်
ကိုယ့်သူငယ်ချင်းရှိတဲ့ ဆေးရုံသွားကြမယ်"
" ရ...ရ ပါတယ် ကိုကြီး"

" အားနာစရာမရှိပါဘူး
ဒေါက်တာက ကိုကြီး နဲ့ ငယ်ပေါင်းတွေလေ"

" အာ ဟုတ် ဟုတ်ကဲ့ပါ"

ငြင်းမရ သည့်အနေအထားမို့
Min yoongi ခေါ်ရာကို လိုက်လာခဲ့ရသည်။
အမှန်တော့ငြင်းဆန်ဖို့ပင်အားကုန်နေသည်မှာအမှန်။

**************
" ဆေးရုံသို့ရောက်သည့်အခါ ကားဘေးခုံမှာ
မင်ငယ်သည် နှစ်ခြိုက်စွာ အိပ်ပျော်နေတော့သည်
မနိုးရက်စရာ အလှအပလေးသည်
ထိုင်ကြည့်နေရအောင်လည်း
သမာဓိတွေ ခိုင်နိုင်စရာမရှိ

ပါးလေးအား ထိမိတဲ့အခါ
ဆတ်ကနဲ နိုးလာသည်မို့
Min yoongi စိတ်မကောင်းရပြန်ပါသည်

မင်ငယ်ကပဲ အိပ်ရေး ဆတ်သည်လား
ကိုယ့်ကိုပဲ မယုံကြည်လေသလား

" ရောက်ပြီလား"
" ရောက်ပြီ"
" နိုးလိုက်တာမဟုတ်ဘူး ကိုကြီး"
" မကြာသေးပါဘူး မင်"
" ဟုတ်"

******************
" ငါ လူမှားတာလား yoongi"
" ဘာလဲ ဆေးရုံက
ငါလာလို့မရတဲ့နေရာမို့လား namjoon "

" မင်းက ဆေးရုံလာရမှာ ပျင်းလွန်းတဲ့သူမို့ပါကွာ
ဘာလဲ မင်းပုံစံနေမကောင်းတဲ့ပုံတော့မဟုတ်ပါဘူး"

To The Guest (ဧည့်သည်သို့.....)Where stories live. Discover now