Part 3

1.1K 128 29
                                    

ပန်းကန်ကျကွဲသံတွေသည် ဘော့စ် ဂျေ၏ မနက်ခင်းတွင် စတင်ပျံလွင့်လာခဲ့လေသည်။

တအိမ်လုံးက အလုပ်သမားတွေသည်လည်း
ပြားပြားပြိုအောင် ယောက်ယက်ခတ်နေကြပြန်သည်။

လှုပ်လှုပ်ရွရွ မြင်ကွင်းကြောင့် ဒေးဗစ်သည်
ဘော့စ်ရှိရာ အခန်းဆီပြေးတက်လာခဲ့သည်။

ဘောစ့်သည် မူးယစ်ဆေးအချို့ကြောင့်
စိတ်ကိုမထိန်းချုပ်နိုင်သော
ရောဂါတမျိုးကိုခံစားနေရသူဖြစ်သည်။
အထူသဖြင့်ဒေါသတွေကို မချိုးနှိမ်နိုင်သူတဦး။

"နာစ့် မွန်း"

"အကိုဒေးဗစ်ရောက်လာတာ အတော်ပဲ"

"ဘော့စ်သောင်းကျန်းနေတယ်"

နာစ့်မွန်းသည် ဘော့စ်ငယ်စဉ်ကတည်းက ထိန်းကျောင်းပြုစုပေးရသော အမျိုးသမီးတစ်ယောက်။

"ဒေါက် ဒေါက် ဒေါက် "

တံခါးကို ကျင့်ဝတ်အရသာခေါက်ပြီး ဒေးဗစ်
ဘော့စ်အခန်းထဲကိုဝင်လိုက်သည်။

မျှော်လင့်ထားသလိုပါပဲ ပန်းအိုးတလုံးခေါင်းအနားကို ဝဲလာတာမို့ အမြန်ရှောင်တိမ်းလိုက်ရသည်။

ပန်းအိုးသည် နံရံကိုထိမှန်ကာ ကွဲသွားလေတော့သည်။

"ဘောစ့် ကျနော်ဒေးဗစ်ပါ"

"ငါဘယ်လိုလုပ် ဒီအိမ်ကိုပြန်ရောက်လာရတာလဲ"

"ကျနော်ပြန်ခေါ်လာတာပါ"

"ငါမနေ့က ဟိုတယ်မှာ ရှိနေရမှာလေ"

"ဟုတ်ပါတယ် အကိုလေး ဂျီ မင် က
ကျနော့်ကိုဖုန်းဆက်ခေါ်လို့ ကျ‌နော်ခေါ်လာခဲ့လိုက်တာပါ"

"JIMIN ဆိုတာက ဘယ်သူလဲ ဘယ်ကကောင်လဲ
ငါခွင့်မပြုဘဲ မင်းကဘာလို့ငါ့ကိုပြန်ခေါ်လာရတာလဲ
ဖြေစမ်း"

" ခွမ်း"
နောက်ထပ်ပစ်ပေါက်လိုက်တာ နာရီတလုံး
ဒေးဗစ်ထပ်ရှောင်လိုက်တာမို့ နံရံဆီလွင့်ကာ
ကျကွဲသွားပြန်သည်။

ကိုယ်ခံပညာကို အရမ်းတော်သူမို့ရှောင်နိုင်ရုံသာ
ဘောစ့်ဂျေ၏ လက်စသည်ပစ်မလွဲ။

"ဟိုတယ်ပိုင်ရှင် အကိုလေ ဘော့စ်"

"မင်းနဲ့သိနေတာလား ‌ဒေးဗစ်"

To The Guest (ဧည့်သည်သို့.....)Where stories live. Discover now