Part-4

1K 130 21
                                    

" လူကြီးမင်းအခန်းရပါပြီ"

"အိုခေ"

"ခဏနေဦး"

Receptionist မိန်းကလေး ၏လက်ထဲမှ အခန်းကဒ်လေးသည် ။ လေတွင်တန့်သွားသည်။ အကြည့်တွေသည် အဖြူရောင် ဝတ်စုံပြည့်ဖြင့် ပိုင်ရှင်လေးထံရောက်သွားခဲ့သည်။

" အခန်းပြည့်နေပြီလေ receptionist ညီမ"
" အကိုလေး"

ပိုင်ရှင်ဖြစ်နေသော်လည်း ဝန်ထမ်းအားလုံးက
ဂျယ်ဟော့ခေါ်သလို အကိုလေးဟုသာခေါ်ကြသည်။

" အခန်းတွေကျန်သေးပါလျက်နှင့်
အခန်းပြည့်နေပြီဟု ပိုင်ရှင်သေးသေးလေးကပြောတာမို့
ဧည့်ကြိုဝန်ထမ်းတွေ မျက်လုံးအပြူးသား

ခွေးဆိုးကောင်လေးသည်လည်း မျက်ခုံးတွေ ပင့်တင်သွားတော့သည်။ သူ့ဘေးက မိန်းကလေးထံမှ ညည်းညူသံထွက်လာပြန်သည်။

"ဘာအထာလဲ ကိုကိုရာ"

သူ၏မဒီက ငြူစူလာတော့ ဘောစ့်ဂျေသည် စုတ်တချက်သတ်ကာ စကားစလာတော့သည်။

" ကျစ် အာရုံပဲ ခများတို့က ဘယ်လို Hotel service လဲ"
" ဧည့်သည်မြင်တဲ့အတိုင်းပါပဲ"
" ဘာသဘောလဲ"
" ဧည့်သည်ကို မလာစေချင်တဲ့သဘောပါ"

တတောက်တောက်နှင့်ဝါးနေသော ပီကေအား
ဆက်တောင်မဝါးဖြစ်တော့ပဲ
မျက်မှန်တွေပင့်ကြည့်ရလောက်သည်အထိ
ပိုင်ရှင်လေးက လာငြိနေပြန်သည်။

" ကိုကို ဘာလဲကွာ ဘေဘီအာရုံတွေနောက်လာပြီ"
" ဘေဘီပြန်နှင့်မလား"
" you နဲ့ တညတာကုန်ဆုံးမလို့လာတာလေကွာ"
" အိုခေ ကိုယ်သဘောပေါက်ပြီ
စိတ်ချ ဘေဘီနဲ့ကိုကို ဒီhotel မှာ ရအောင်တည်းမယ်"

" အခန်းပြည့်နေလို့ အားနာပါတယ်ဧည့်သည်"

" ဧည့်သည်ဧည့်သည်နဲ့ ခများဘာဖြစ်နေတာလဲ"

" ဧည့်သည်မို့ ဧည့်သည်လို့ခေါ်တာ"

" park jimin shi"

အသံသည်ဟိန်းကနဲ ဧည့်သည်ဆိုသော
စကားကြားသည်နှင့်ဒေါသတွေပွက်ပွက်ဆူလာတာမို့
ပိုင်ရှင်အသေးလေး ၏ ကော်လံအား ဆွဲဆုပ်ကာ
အော်ချလိုက်သည်။
အော်ပစ်လိုက်တာက lobby တခုလုံးဟိန်းသည်အထိ
သို့ပေမယ့်
ရိုက်လိုက်တာက ပိုင်ရှင်အသေးလေး

To The Guest (ဧည့်သည်သို့.....)Where stories live. Discover now